Part-12

5.4K 558 60
                                    

Lisa*pov

အဲ့ကလေးမ ရောက်လာတာဖြစ်ရပ်ဆန်း
သလောက် အခုလက်ရှိမှာလည်း
အခြေနေတွေက
အားလုံးဗြောင်းဆန်ကုန်ပြီ...

ကိုယ့်ရဲ့အဘွားဆိုသည်မှာလည်း
အသက်20လောက်ကတည်းက
မိန်းမပေးစားမို့ပဲ စဥ်းစားနေခဲ့တာ
အခုတော့ ဘယ်လိုမှငြင်းဆန်မရတော့တာခက်တယ်။

ကိုယ်သာလက်မခံရင်
ဖြစ်လာမယ့် အဘွားရဲ့ကျန်းမာရေးကြောင့်
လက်မခံချင်ပေမယ့်လည်း လက်ခံလိုက်ရပါတော့တယ်
ဒါတွေကို ထိုကလေးက သိနိုင်မည်တဲ့လား?

"အဘွား ဒယ်ဒီရော....?ဟင်"

"​ပြန်မရောက်သေးဘူး
ဘာဖြစ်လို့လဲ
မြေးလေးဗိုက်​ဆာလို့လား"

အိပ်နေရာကနေ နိုးလာတဲ့ NiNiက
​ဧည့်ခန်းကအဘွားနားမှာဝင်ထိုင်ကာ
Lisaကိုမေးနေသည်။
မနေ့ညကကတည်းက အိမ်ပြန်မအိပ်တဲ့
Lisaကိုစိတ်ပူနေပေမယ့်လည်း
သူဝယ်ထားသည့်တိုက်ခန်းမှာပဲ
အိပ်ဖြစ်မယ်လို့ ဖုန်းဆက်လာသည်မို့အဘွားအရမ်းကြီးတော့မစိုးရိမ်ပေ။

"ဗိုက်မဆာပါဘူးး..
ညကတည်းကဒယ်ဒီ့ကိုမတွေ့မိလို့"

နှုတ်ခမ်းလေးကိုငြူစူကာ
ပြောနေသည့် NiNiက ချစ်စရာအတိများနဲ့ပင်။
အဘွားကတော့လိုချင်တာရသွားတဲ့ပုံစံလို
ဧည့်ခန်းမှာအသီးလေးစားရင်း သတင်းစာဖတ်နေသည်။

"ဒီကလေးမလေး..ဒီပုံစံနဲ့ဆို
Lisaသဘောကျလာမှာမဟုတ်သေးဘူး
ငါတခုခုတော့ လုပ်မှဖြစ်တော့မယ်..."

စိတ်ထဲကနေ တွေးလိုက်ပြီးနောက်
အဘွားက NiNiရဲ့လက်ကိုဆွဲကာ
အပေါ်ထပ်ကိုတက်လာခဲ့တော့တယ်။

သူ့အစီစဥ်နဲ့သူကတော့ဟုတ်နေတာပါပဲ~~~
သူ့ရဲ့မြေးကတော့ ဘယ်ဆီရောက်နေလဲမသိပါ။

~~6:00 pm~~

Clubရဲ့ အပေါ်ဆုံးအထပ် တနေရာမှာ
တစ်ယောက်ထဲ ထိုင်ကာ
အဝေးကိုငေးနေတဲ့ Lisa...

ဘေးနားမှာ စားပွဲထိုးနှစ်ယောက်ကနေပြီး
Lisaရဲ့အရှေ့က ခွက်ထဲကို ယမကာမျိုးစုံ
ဖျော်စပ်ပေးနေသည်။

Lisaထိုနေရာကိုရောက်နေတာ
နာရီဝက်လောက်ရှိပြီ အခုထိတခွက်မှမသောက်ရသေးပဲ တွေဝေစွာ ထိုင်နေခဲ့သည်။
အရင်ကတည်းကနေ အခုချိန်ထိ
ဘာဆိုဘာမှသံယောဇဥ်မထားခဲ့ချင်တာမို့
Lisaအိမ်ထောင်မပြုခဲ့ဘူးလေ...

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now