Part-4

5K 521 79
                                    

သံယောဇဥ်ဆိုတာမျိုးက
တွယ်တာပြီးရစ်ပတ်တတတ်တယ်ဆိုပေမယ့် Lisaကတော့
ဖန်တီးပြီးသံယောဇဥ်မထားတတ်ခဲ့ဘူး။
အဖေနဲ့အမေဖြစ်သူတွေကိုတောင်
ခါးခါးသီးသီးနဲ့အခုချိန်ထိမေ့ပစ်နေခဲ့တာပဲလေ။

အသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာတာနဲ့အမျှ Lisaရင်ထဲမှာ ခံစားချက်ကိုသိပ်ပြီး
ဦးစားမပေးခဲ့တာများပါတယ်။
အထူးသဖြင့် လက်တွဲဖော်ရှာမို့အတွက်
အဘွားက ခဏခဏစီစဥ်ပေးသော်လည်း အခါခါငြင်းဆန်ခဲ့သည်လေ။

ဒါပေမယ့် ...အခုဘာလို့များ ဘယ်ကမှန်းမသိပဲရောက်လာတဲ့ကြောင်မလေးကို Lisaအခန်းထဲခေါ်မို့ဆုံးဖြတ်လိုက်တာလဲ...မသိတော့ပေ။
သံယောဇဥ်ဖြစ်မို့အတွက်Lisaကိုယ်တိုင်ကပဲပထမဆုံးဖန်တီးလိုက်တာပဲဖြစ်သည်။

ငယ်ငယ်ကတည်းက ယုယကြင်နာမှုတွေနဲ့မရပဲ ကြီးပြင်းခဲ့ရသူမို့ ခက်ထန်တာမဆန်းတော့ပါ။
Lisa ပွေ့ချီကာ ခေါ်လာတဲ့ကြောင်ကလေးကို အိပ်ယာပေါ်ချပေးလိုက်ရင်း...

"မင်းက ဒီနေ့ငါ့ကိုပထမဆုံးပြုံးအောင်လုပ်ပေးလိုက်တာပဲ... "

တနေ့လုံးအဆင်မပြေတာတွေနဲ့သာ ကြုံခဲ့ရပြီး စိတ်တိုနေခဲ့တဲ့ Lisaက ပြုံးနေရင်း ကြောင်မလေးကို ကြည့်နေတယ်

ခဏကြာတော့ Lisaလည်း ရေချိုးရန် အိပ်ရာပေါ်မှာထိုင်နေရာက ထရပ်လိုက်တော့ ကြောင်မလေးကပါ ကုတင်ပေါ်ကလိုက်ဆင်းလာသည်။

"ဘာလို့အနောက်ကိုလိုက်လာတာတုန်း
​ငါရေချိုးမှာလေကွာ..."

"မြောင်...."

"ဒီမှာပဲနေ နေ!"

ခြေထောက်နားမှာ ပွတ်သပ်ကာမြူနေတဲ့
ကြောင်ဖြူမလေးက တကယ်ကို
ချစ်စရာအတိနဲ့ပင်။
Lisaလည်း တချက်ကြည့်ပြီးနောက် ရေချိူးခန်းထဲကိုသာ ဝင်သွားတော့တယ်။

Lisaရဲ့အခန်းမှာ အရမ်းရိုးရှင်းပြီး
ခေတ်ဆန်သည့်ဒီဇိုင်းဖြစ်သည်။
အလုပ်လုပ်ရန်အခန်းကသီးသန့်ရှိနေပြီး အဝတ်အစားလဲခန်းကလည်းသက်သက်ဖြစ်သည်။
ခြံဝန်းထဲမှာလည်းအပင်တွေပတ်ပတ်လည်စိုက်ထားသည်မို့ စိတ်သက်သာရာလည်းရစေပါသေးတယ်။

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now