Part-14

7.4K 528 38
                                    

ဒီနေ့နံနက်ခင်းကတော့ ပုံမှန်ထပ်ပိုပြီးသာယာနေသယောင်ရှိနေသည်။ အထူးသဖြင့်
Mrs Manobanရဲ့ ကျန်းမာရေးက
ပိုပြီးတော့ ကောင်းမွန်နေပြီး တမနက်လုံး
မနက်စာကို သူမကိုယ်တိုင်ပြင်ဆင်နေသည်။

တက်ကြွလွန်းနေသည့် အဘွားကို
အိမ်အကူတွေနားမလည်နိုင်ပါ။
အဘွားကတော့ သူ့အတွေးနဲ့သူတော့
သဘောတွေကျနေပြီး စိတ်ချမ်းသာနေသည်။

အချစ်မပါတဲ့ ဆက်ဆံရေးတခု...
ဒယ်ဒီ့ရဲ့ ညို့အားတွေနဲ့ လုပ်ယူလိုက်တဲ့
ညတုန်းကအဖြစ်အပျက်ကြီးက
NiNiအတွက်သိပ်ကိုရင်ဖိုစရာပင်...

မနက်စာတွေတင်လာတဲ့ လင်ဗန်းလေးကို
အိမ်အကူတွေကို မကိုင်စေတော့ပဲ
သူကိုယ်တိုင် လာပို့တဲ့အဘွားမန်နိုဘန်...
နွားနို့၊ကြက်ဥပြုတ်နဲ့ ပေါင်မုန့်မီးကင်သုံးချပ်ကို
စနစ်တကျ ပြင်ဆင်ကာ ယူလာခဲ့သည်။

အခန်းတံခါးကိုဖြည်းဖြည်းချင်း
ဖွင့်ကာ အထဲကို ဝင်မို့စလှမ်းလာတဲ့
အဘွားရဲ့ခြေလှမ်းတွေဟာ
အပေါက်ဝမှာတင်တချက်ရပ်တန့်သွားသည်။

ပြီးနောက် နှစ်လိုဖွယ် ပြုံးလိုက်သည်။

Lisaရဲ့ရင်ဘက်ပေါ်မှာဘေးတစ်စောင်းလေး
အိပ်ပျော်နေတဲ့ NiNiက တကယ်ကိုကလေးလေးအတိုင်းပင်ဖြစ်နေသည်။
ပြီးတော့ ပိုပြီးသိသာထင်ရှားတာက
သူတို့နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်မှာ
အဝတ်အစားတခုမှမရှိနေပဲစောင်သာခြုံထားကြသည်။

Lisaကလဲ ပြန်ပြီး ပွေ့ဖက်ထားပြီး
အိပ်မောကျနေသည်မှာ မြင်ရသူအတွက်တော့
အသည်းယားပြီးစောင်တောင်ပြေးကိုက်ချင်စရာပါပဲ။

ဒါပေမယ့်လည်း စိတ်ကိုအသာထိန်းကာ
ပြုံးစိပြုံးစိနဲ့ ဘေးနားမှာရှိတဲ့စားပွဲလေးပေါ်မှာ
လင်ဗန်းကိုအသာချပေးပြီးနောက်
အဘွားချောင့်တချက်ဟန့်လိုက်သည်။

"အဟန့်... အဟန့်"

ထိုအခါမှ လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့
အိပ်ယာထဲက Lisaကို...အဘွားက

"ငါ့မြေးတို့ ထပြီးမနက်စာ
ထစားလိုက်ဦးနော် အားပြန်ရှိအောင်လို့ "

မချိုမချဥ်မျက်နာနဲ့အဘွားကတော့
ပြောစရာရှိတာပြောပြီး အခန်းထဲက
ခပ်သုတ်သုတ်ပဲ ထွက်သွားတော့တယ်။

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now