Part-6

5.2K 556 43
                                    

အချိန်တွေကအရမ်းမြန်ဆန်လွန်းတယ်ပဲ
ပြောရမလား...
မိမိဝါသနာပါတဲ့ အရာတခုကိုလုပ်နေရရင်
ဘယ်သူမဆို အချိန်တွေကုန်သွားတယ်ဆိုတာ
မသိလိုက်ကြတာများတယ်။

စိတ်ထဲနစ်မျောနေတဲ့ ဆေးရောင်စုံတွေကြားထဲမှာ အသက်ဝင်တဲ့ပန်းချီကားတချပ်ရမို့အတွက်
အချိန်တွေကုန်လည်း တန်ဖိုးရှိလှသည်။

ပန်းရောင်ရင့်ရင့်၊အမဲရောင်၊အဖြူရောင်
ထိုဆေးသုံးရောင်ကိုအဓိကထားပြီး ဖန်တီးနေတဲ့
အနုပညာလေးကို Chaeyoungသဘောကျနေမိတယ်။

Onlineမှာနာမည်ကြီးသူတစ်ယောက်ဖြစ်သည့်အလျောက် Chaeက လူအများရဲ့အာရုံစိုက်ခြင်းကို ခံရတယ်။

တခုရှိတာကတော့....သူမက မိန်းကလေးတစ်ယောက်ဒါပေမယ့် အထူးအဆန်းမိန်းမတစ်ယောက်မို့ သူ့မှာ လူတွေမသိနိုင်တဲ့အရာတခုပါနေပြန်သည်။[G!p]

သူကိုယ်တိုင်ဆွဲထားတဲ့ပန်းချီကားချပ်တွေဆိုတာ
အခန်းတခုလုံးပြည့်နှက်နေပြီး ရောင်စုံအလှတရားတွေက သိပ်ကိုအနုပညာဆန်ပါသည်။

ဆေးစက်တွေပေနေတဲ့လက်ကို
Chaeဆေးကြောရန်
ဘေစင်ဆီကိုလျှောက်သွားတယ်။
သွေးကြောလေးတွေတောင်ထင်းလို့နေတဲ့လက်လေးက တကယ့်ကိုအနုပညာလက်တခုပင်။

အဖြူလည်းမကျ အဝါလည်းမကျတဲ့ ဆံပင်အရောင်က Chaeရဲ့Fav color ဖြစ်တယ်။

"အခုလို ပြပွဲကိုလာပေးတဲ့အတွက်
အရမ်းဝမ်းသာတယ်ဗျာ..."

"ဟုတ်ကဲ့ ကျနော်လည်း ဒီပြပွဲကိုတကယ်သဘောကျလို့ ကိုယ်တိုင်လာဖြစ်တာပါ"

Chaeက ပြပွဲစီစဥ်သူတစ်ယောက်နဲ့လက်ဆွဲနှုတ်ဆက်ကာ စကားပြောနေတယ်။
သူ ဒီလိုပန်းချီပြပွဲမျိုးကိုတက်ရောက်တာမဆန်းပေမယ့် နာမည်ကြီးပန်းချီဆရာတစ်ယောက်ဖြစ်တာနဲ့အညီ လူတိုင်းက တအံ့တသြဖြင့် ကြည့်နေကြတယ်။

ဂျင်းဘောင်းဘီကိုသာအမြဲလိုလိုဝတ်ဆင်တတ်ပြီး ရှပ်အကျီ ပန်းရောင်လက်ရှည်လေးနဲ့ Chaeyoungက အရပ်ကလည်းမြင့်တဲ့အထဲမှာပါသည်။ မသိတဲ့သူတွေကတော့နုပျိုလွန်းတဲ့Chaeကို အသက်ငယ်ငယ်လေးလိုထင်ကြပေမယ့် အမှန်တကယ်တော့Chaeက 28ထဲဝင်လို့နေပြီဖြစ်တဲ့ ရင့်ကျက်ပြီးသားကောင်မလေးတစ်ယောက်။

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now