"သွားကြတော့လေ! ငါ့မြေးတို့ "
မကြာခင်မှာ သူ့ရဲ့ ဇနီးဖြစ်လာတော့မယ့်
Niniကို Lisa ငေးကြည့်နေတာ
အတော်ကြာသွားသည်မို့
အဘွားကနေပဲ အသံပြုကာ သတိပေးရသည်။ငေးမောခံနေရတဲ့ NiNiဆိုသည်မှာကလည်း
သူ့ရဲ့ဒယ်ဒီ အရှေ့မှာ ပြာယာခပ်နေလျက်။
ဝတ်ထားတဲ့ Blazer ထောင့်စွန်းကို
တွန့်ကြေအောင် ဆွဲလိမ်နေရင်း
အရှက်သည်းနေမိသည်။"လာ..."
ငေးနေရာကနေ သူခိုးလူမိဆိုသလိုပဲ
Lisaတစ်ယောက်ကားတံခါးကို အမြန်ဖွင့်ပေးကာNiNiကိုအရင်ဝင်စေသည်။"NiNiရေ တာ့တာ့"
အဘွားကနေပြီး အိမ်အပေါက်ဝကနေ
လှမ်းပြီး NiNiကိုလက်ဝေ့ယမ်းကာ
နှုတ်ဆက်သည်။"ဒယ်ဒီ...😁ဟီး"
ကားစထွက်တော့ NiNiက lisaဘက်ကို
သွားကြီးစိကာ ပြုံးပြသည်။
ကားမောင်းနေရင်း သူ့ဘက်ကို
သေသေချာချာကြည့်ပြီးခေါ်လိုက်တဲ့
NiNiကိုLisaမေ့ငေါ့ကာ..."ဘာလဲ?"
"ဟိုလေ...nini မုန့်တွေဝယ်လို့ရလား"
"ဟမ်? မုန့် ဝယ်မယ်ဟုတ်လား?
မင်းကိုယ်မင်းကလေးထင်နေလားNiNi
အခု ကုမ္မဏီကိုသွားနေတာနော် ငါ့ကိုကလေးအဖေလို့ အကုန်ထင်ကုန်ကြလိမ့်မယ် မဝယ်ပေးဘူး!""ဟာ.....!
ဒယ်ဒီကလဲ...ကလေးမဟုတ်ရင်
မုန့်မစားရတော့ဘူးလား?"နှုတ်ခမ်းကြီးဆူကာ တခွန်းချင်းပြန်ပြောနေတဲ့
NiNiက ဘာမှပြန်မပြောပဲ ကားဆက်မောင်းနေတဲ့Lisaကြောင့်မျက်မှောင်ကျုပ်သွားတော့တယ်။ပထမတော့ ထိုကလေးကိုအလိုလိုက်မို့
စိတ်ကူးမရှိသလို ကလေးဆန်ပြီး အနားကပ်နေတာကို Lisaမကြိုက်မနှစ်သက်ပါ။
ဒါပေမယ့်...ကုမ္မဏီကိုမရောက်ခင် လမ်းခုလက်
တနေရာရောက်တော့
ဘေးနားမှာတိတ်ဆိတ်နေတဲ့ ကလေးမကို
lisaတချက်မျက်လုံးဝေ့ကြည့်လိုက်သည်။ကြည့်ရတဲ့ပုံကတော့ အတော်စိတ်ဆိုးနေသည့်ပုံပင်ဖြစ်တယ်။ လက်ကြီးပိုက်ကာ ရှိသမျှ
မျက်ခုံးတခုလုံးကို တွန့်ချိုးနေသည်မို့ NiNi စိတ်ကောက်နေတာသေချာပြီလေ။
YOU ARE READING
ANONYMOUS GIRL [JENLISA]❗
Fantasyအမည်မသိသောကောင်မလေးနဲ့ ဒယ်ဒီLalisa..... #lalisa[G!P]❗ Warning 🚫 21+❗ #liamjane date-1-6-2021