Part-10

5.5K 525 69
                                    

ဒီနေ့မနက်တော့ မသွားလို့လဲမဖြစ်တဲ့
အလုပ်တခုရှိနေသည်မို့ Lisaကတော့
ကုမ္မဏီကိုထွက်လာခဲ့ရသည်။

Project အသစ်အတွက် Joyကိုဆက်သွယ်
ခိုင်းထားသည့် သူတစ်ယောက်ကိုလည်း
Lisa ဒီနေ့ပဲချိန်းထားသည်။

အိမ်မှာထားခဲ့ရသည့် အမွှေစိန်တစ်ယောက်ကိုတော့ lisaစိတ်မဖြောင့်ခဲ့ပါ...ဒါပေမယ့်လည်း
အလုပ်ကအရေးကြီးသည်လေ။
အဘွားမသိပါစေလို့ ဆုတောင်းရမှာပဲ။ကံကောင်းချင်တော့ ဒီနေ့မှအဘွားကလည်း
သူ့ရဲ့သူငယ်ချင်းအဘွားတွေရဲ့အိမ်ကို သွားလည်မယ်ဆို​ေသာကြောင့် Lisaတခါထဲ အဘွားကိုပါပို့ပေးခဲ့ရသည်။

အပြန်ကျရင်တော့ NiNiအတွက်
မုန့်တွေနဲ့ အဝတ်အစားတွေဝယ်ပေးသွားမို့
lisaစဥ်းစားထားပြီးသားဖြစ်တယ်။

"ဥက္ကဌ ခဏနေ ရောက်တော့မှာပါရှင့်
ဒီမှာ ခဏလောက်ထိုင်စောင့်ပေးပါဦးနော်"

"အာ..ဟုတ်ကဲ့ ရပါတယ်"

"ကော်ဖီလား အအေးလားရှင့်"

"ကော်ဖီပဲ အဆင်ပြေပါတယ်"

M.N.Bကုမ္မဏီရဲ့ဧည့်သည်တွေ့သည့် အခန်းထဲတွင် ဥက္ကဌကြီး ဖြစ်သူLisaနဲ့တွေ့ရန်အတွက်
စောင့်နေသူမိန်းကလေးတစ်ယောက်က
ဝန်ထမ်းတစ်ဦးကိုပြောနေတဲ့အသံဖြစ်သည်။

"ဥက္ကဌကြီး... သူရောက်နေပြီ ရုံးခန်းကိုလွှတ်လိုက်ရမလားရှင့်"

ကားပေါ်က ဆင်းဆင်းချင်း လာကြိုတဲ့မန်နေဂျာJoyကို Lisaကပြောလိုက်တယ်။
မနက်က NiNiကြောင့် သေချာတောင်မပြင်ဆင်နိုင်တော့ပဲ
အပြင်coatကိုတောင်မဝတ် Shirtအကျီ အဖြူရောင်လက်ရှည်ဖြင့်သာပေါ့ပေါ့ပါးပါးဝတ်ဆင်လာခဲ့သည်။

ဘယ်လိုပုံစံနေနေ ဆွဲဆောင်မှုရှိလှသည့်
ဥက္ကဌကြီးမို့ သူ့ရဲ့အရှိန်အဝါနဲ့အလှတရားက
မှေးမှိန်သွားခြင်းမရှိပေ။

နက်ကတိုင်ကို တပ်ဆင်လေ့မရှိသည့်Lisaက
Shirtအကျီကြယ်သီးကိုလည်းနှစ်လုံးလောက်ထိ
ဖြုတ်ထားလေ့ရှိသည်။
ဒါကလည်း သူ့ရဲ့ ပင်ကိုယ်စတိုင်ထဲကတခုပင်။
[Oh Yeah! Sexy]🌚

"နေနေ ရတယ် ငါပဲသွားတွေ့လိုက်မယ်
သူအခုဘယ်မှာလဲ"

"ဧည့်တွေ့ခန်းမှာပါ ဥက္ကဌကြီး "

ANONYMOUS GIRL [JENLISA]❗Where stories live. Discover now