Zawgyi
"... ကိုယ်တော်လေး ကိတ်မုန့်ပွဲတော်တည်မလား?"
ခေါင်းခါသည်။
"ခေါက်ဆွဲရော?" ကျွန်မလက်နှစ်ဖက်လုံး ပန်းကန်ကိုမထားရင်းမေးလိုက်သည်။
ခေါင်းထပ်ခါသည်။
"ဒါဆို ကိုယ်တော်လေးက ဘာပွဲတော်တည်ချင်တာတုံး?"
သူက ကျွန်မခုနလေးတင်ဝယ်လာသော ဘဲသွေးအစပ်ချက်ကို လက်ညှိုးထိုးသည်။
......
"ကိုယ်တော်လေးကလဲကြိုက်တတ်လိုက်တာ.. ဒါပေမယ့် ကိုယ်တော်လေးရဲ့အစ်ကိုခုနပြောတယ်လေ.. ကိုယ်တော်လေးတို့လိုအရွယ်တွေနဲ့ ဒီလိုဟင်းကမလိုက်ဖက်ဘူးတဲ့ဘုရား?"
"ဟင်း.. မုန်းတယ်"
.....
Nan Nan ကတကယ့်ကိုကြားထားတဲ့အတိုင်းပါပဲ၊ သူ့အစ်ကိုထက်တောင်ပို၍အေးစက်ပြတ်သားနေသေးသည်။
ကျွန်မဆိုသည်မှာလဲ တစ်နေ့လုံးအိမ်တွင်ခွေ၍စည်းစိမ်ယူလိုက်အုံးမည်ဟု ကြံစည်ထားသည့်စိတ်ကူးမှန်သမျှ ကျွန်မအိမ်အပေါ်ထပ်မှ နာမယ်ကြီးအိမ်နီးချင်းလေး၏ အစအနမကျန်ဖျက်စီးခြင်းကိုခံရမည်မှန်း လုံးဝထင်မထားမိပေ။
ကျွန်မအိမ်နီးချင်းလေးက အလုပ်ရှိသည်တဲ့၊ ကလေးထိန်းအဒေါ်ကြီးမွေးရပ်မြေသို့ခဏပြန်သွားသည်တဲ့။
ဒီလိုဖြင့်ပင် ကျွန်မလဲခေတ်သစ်ကလေးထိန်းဘဝသို့ ဂုဏ်ယူဖွယ်ရောက်ရှိခဲ့ခြင်းဖြစ်သည်။Nan Nan ကိုပထမဆုံးစတွေ့တော့ ကျွန်မအနည်းငယ်စိတ်လှုပ်ရှားမိပါသည်။ အဘယ်ကြောင့်ဆိုသော် Nan Nan လေးကို သူ့၏ နာမယ်ကြီး fansite admin တစ်ဖြစ်လဲ Sasaeng fan တစ်ဖြစ်လဲ @TFBoys – Yi Yang Qianxi ၏ ဓါတ်ပုံများထဲတွင်သာတွေ့ဖူးခဲ့သည်မဟုတ်ပါလား။အပြင်မှာ ပိုချစ်ဖို့ကောင်းပါသည်။Nan Nan လေး၏လက်ကလေးကို ဆုပ်ကိုင်ရင်း စိတ်ချမ်းသာသလိုလိုခံစားချက်များ ကျွန်မရင်ထဲဝင်ရောက်လာသည်။
YOU ARE READING
The Boy Nextdoor
FanfictionAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
