Original By 易太太烊太太千太太玺大大
Translated by Orange (TFBoys Clover Myanmar)
Unicode
နောက်ဆုံးတော့ ရိရန်ချန်းရှီတစ်ယောက် အထက်တန်းစာမေးပွဲဖြေလို့ပြီးခဲ့ပြီ။
ရေလဲသော်လဲ ခွက်မလဲဆိုသလို ဖန်များပင်တစ်သုတ်ပြီးတစ်သုတ်လဲသွားပေမယ့် weibo တွင်ပေါက်ကရပုံများတင်ပြီး anti တတ်ကြသော anti-fan များကတော့ သိသိမသိသိရှိနေသေးသည်ပင်။
Hot Search Top 5 ကတော့ အကုန်လုံး အငယ်ဆုံးလေး စာမေးပွဲဖြေပြီးတာကို celebrate လုပ်နေကြသော topic များသာဖြစ်ကြသည်။
သူနှင့်အတန်းတူသောအထက်တန်းသူငယ်ချင်းများပြောသည်က စာမေးပွဲမဖြေခင်တစ်လလောက်ကြိုပြီး Qianxi ၏ weibo comment များကိုကြိုဖတ်ထားပါက စာမေးပွဲတင်မေးတတ်သောမေးခွန်းများနှင့် မှားတတ်သောအဖြေများကို လုံးဝဥသုန်ရသွားစေရမည်ဟူ၏။
ရိရန်ချန်းရှီ fan chat ထဲမှပြန်ထွက်လိုက်ပြီး ကျောင်းအင်္ကျီအပေါ်ထပ်ကိုချွတ်လိုက်သည်။ ထို့နောက် 'နောက်ဆုံးတော့ ငါကိုယ်တော်လေး လွတ်လပ်သွားပြီ' ဆိုသည့်အပြုံးမျိုးဖြင့် မန်နေဂျာမောင်းလာသည့်ကားပေါ်ကိုတက်လိုက်သည်။
"မကြောက်ပါနဲ့! စိတ်ညစ်စရာတွေအားလုံးကိုထားခဲ့ပါ! ဆီတွေရွှဲနေတဲ့ အနီရောင် Chao Shou ခေါက်ဆွဲဆီကို ငါတို့အခုပဲသွားကြတာပေါ့!!"
မကြာခင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မည်ဖြစ်သော်လည်း အေးတိအေးစက်နိုင်လွန်းသူကတော့ စာမေးပွဲပြီးသွားသည့်တိုင် အေးတိအေးစက်နိုင်တုံးပင်။
"ဟိုနှစ်ယောက်တောင်ဆိုင်မှာစောင့်နေတာကြာလှပေါ့"
"အဟင်း ကျွန်တော့်ကိုလာတောင်မကြိုတာကို စောင့်ပစေပေါ့"
သူစဥ်းစားလိုက်ရင်း သုံးယောက်ထဲရှိသော group ထဲသို့ gif ပုံများ share လိုက်သည်။ ပြီးမှတစ်ခုခုကိုသတိရသွားသလိုခေါင်းထောင်ကာမေးသည်။
"နောက်တစ်ပတ်ဆို concert အတွက် training ဆင်းရတော့မယ်မို့လား?"
"အင်း နောက်တစ်ပတ်ဝန်းကျင်ဆိုရင်ပေါ့"
"အိုကေ မြန်မြန်ဆင်းမှရတော့မှာ"
"ဟုတ်သား.... magazine တစ်ခုက interview ရှိတာ လမ်းမှာအားနေရင်လုပ်ထားပါလား"
YOU ARE READING
The Boy Nextdoor
FanfictionAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
