Zawgyi
အခုတလော ကျွန်မအလွန်စိတ်ညစ်နေသည်။
fan အဟောင်းဖြစ်ပေမယ့် weibo acc တွင်လဲ တစ်ချိန်လုံး 'အားးးးး... ချောလိုက်တာာာာ... မိုက်လိုက်တာာာာာ...' ဆိုသည်ကလွဲ ဘာမှမတင်တတ်သဖြင့် fandom ထဲတွင် ဘာနေရာမှမရှိသော fan ပိစိလေးအဆင့်သာရှိသည်။
သို့သော်...
မထင်မှတ်ပဲ တွေ့ရှိချက်အရ အခုတလော ကျွန်မတင်သမျှ weibo post အားလုံးနီးပါး friends' circle သို့ share အလုပ်ခံနေရလေသည်။ တစ်ခါ share လျှင် post နှစ်ခုသုံးခု တစ်ပြိုင်ထဲ share တတ်သေးသည်။ပုံမှန်တင်နေကျ "ချောလိုက်တာ screen ကိုတောင်နမ်းချင်တယ် မွ မွ မွ" ဆိုသော post မျိုးပင် အ share ခံနေရသည်။
fan war တွေထဲ ဝင်မပါဖူးတာလဲမဟုတ်.. share ပြီးအတင်းပြောခံရတာကို မကြုံဖူးတာလဲမဟုတ်သော ကျွန်မအနေဖြင့် ဒီအခြေအနေမျိုးက အရမ်းကြီးထူးဆန်းနေတာတော့မဟုတ်ပေမယ့်...
Private mode ဖြင့် အ share ခံရပါက အကောင်းဘက်ကလှည့်တွေးစရာ ဘာအကြောင်းမှမရှိသည်ကိုတော့ ကောင်းကောင်းကြီးနားလည်ထားသည်။
ကျွန်မ၏ပါးနပ်လှစွာသော အာရုံခံကောင်းမှုကို အသုံးချခါ သေသေချာချာပြန်စဉ်းစားမိတော့.... အရင်တစ်ခေါက်က Qian Ge ကိုကူပြီးတားပေးလိုက်သော sassaeng fan အုပ်စုထဲမှ တစ်ယောက်မှာ weibo တွင် follower သောင်းချီနေသော account ပိုင်ရှင်ဖြစ်နေသည်။
Weibo ပေါ်တွင် မကြာခဏဆိုသလို သူ့ပုံများတင်လေ့ရှိသဖြင့် မျက်စိရှင်သောကျွန်မ သူ့ effect မပိခင်မျက်နှာကို မှတ်မိလိုက်ခြင်းဖြစ်သည်။
သို့သော် ကျွန်မ weibo ပေါ်တွင် သူ့အကြောင်းများကို မဖော်ထုတ်ခဲ့ပါ... ကျွန်မတွင် ထိုသို့သော အခြေအနေမရှိမှန်း ကျွန်မကိုယ်တိုင်နားလည်ထားသည်။ fandom ဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှုဖြင့်အလုပ်လုပ်ကြသောနေရာဖြစ်နေသောကြာင့်ပင် ကျွန်မ နှုတ်ပိတ်နေတာ ပိုကောင်းမည်ဟု ခံယူထားသည်။
YOU ARE READING
The Boy Nextdoor
FanfictionAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
