Zawgyi
"Qian Qian ကိုကြိုပြီးပြီ.. ဒါပေမယ့်ကလေးက mask အုပ်ပြီး ချောင်းဆိုးနေတာ.. အအေးမိတာများလားမသိဘူး QAQ မဖြစ်ပါစေနဲ့"
"Qian baby လေး ပေကျင်းပြန်သွားပြီ... ဒါပေမယ့်သိပ်မျက်နှာမကောင်းဘူး"
"အား!! ချောလိုက်တာ Qianxi ရယ်!!!!!"
အခုတလော အလုပ်တွေများနေသည်မို့ weibo လုံးဝမသုံးဖြစ်။ ဒီနေ့မှ အားသည့်အချိန်လေးတွင် weibo ပေါ်တက်မှ Qian ကိုယ်တော်လေး ဒီရက်ပိုင်းအတွင်း အပြင်မှာအလုပ်များနေသည်ကိုသိလိုက်ရသည်။ ဒါကြောင့်မို့ ခုတလောအပေါ်ထပ်က စပီကာသံမကြားရပြန်တာကိုး။
ကျွန်မအိမ်တွင်ရှိသည့်ဆေးသေတ္တာထဲမှ ဆေးများကိုလှန်လှောရှာဖွေကာ သူငယ်ချင်းတစ်ယောက် ဂျပန်မှယူလာသည့်အအေးမိပျောက်ဆေးပုလင်းကိုထုတ်လိုက်သည်။
စဉ်းစားလိုက်ပြန်တော့ မဟုတ်သေးပါဘူးလေဆိုကာ ဆေးပုလင်းကိုပြန်ထည့်လိုက်ပြန်သည်။
သူ့မှာလက်ထောက်ရှိသည်ပဲ.. နောက်ပြီး fan တွေအများကြီးတစ်လမ်းလုံးလိုက်လာတာ.. ဆေးတော့မလိုလောက်ဘူးထင်သည်။
ကျွန်မ weibo ခဏထပ်သုံးလိုက်ပြီး သတင်းဖတ်နေသည့်အချိန်တွင် ဖုန်းမှ noti တစ်ခုတက်လာသည်။ ကြည့်လိုက်တော့ Wechat မှာ သူငယ်ချင်းအသစ်တစ်ယောက်တဲ့... Nearby friends မှရှာတွေ့ပြီး add လိုက်တာဖြစ်မည်။ နာမယ်ကလည်း CEO Qian တဲ့။
အမယ်အမယ်... ကြည့်ရတာ ကျွန်မရဲ့ profile pic ကိုကြည့်ပြီး အမျိုးလာတော်သော Qianxi fan ပဲဖြစ်လိမ့်မည်ထင်သည်။
ကျွန်မ accept လုပ်လိုက်ပြီး တစ်လက်စထဲသွားစကြည့်လိုက်သည်။
"အမယ်.. အချင်းချင်းကိုး"
"ဟမ်?"
"မဟုတ်လို့လား? Sis လဲ Qianxi fan ပဲမှတ်လား?"
KAMU SEDANG MEMBACA
The Boy Nextdoor
Fiksi PenggemarAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
