Zawgyi
လေအေးက လွတ်နေသောလည်ပင်းနေရာသို့ အသည်းအမဲတိုးဝင်နေဆဲ။ မျက်နှာထက်တွင်ပင် အေးလွန်၍ အရေပြားများကွဲအက်သွားတော့မလိုထင်ရသည်။ မြောက်ပိုင်းက စိုစွတ်ချမ်းအေးသောရာသီဥတုက ပို၍ခံစားရခက်လိမ့်မည်လားမတွေးတတ်။
ကျွန်မဇက်ကလေးကိုပုရင်း ကော်ဖီဆိုင်ထဲသို့ဝင်လိုက်တော့ တစ်ခါတည်းနှင့် နှစ်ပေါင်းအတော်ကြာမတွေ့ဖြစ်သော ပိချစ်လေး (တကယ်တော့ Bitch ကိုပြောတာ.. မတည့်အတူနေလို relationship မျိုးဖြစ်မယ်ထင်တယ်) ကိုတန်းတွေ့သည်။ ကျွန်မကိုမြင်တော့ သူကလက်နှစ်ဖက်ကို ဝှေးယမ်းရင်းနှုတ်ဆက်ပုံမှာ တစ်စက်ကလေးမှ ရှိုးတိုးရှန့်တန့်ဖြစ်မနေပါ။
စကားအတန်ငယ်ပြောပြီးကြတော့ မျက်စိရှေ့မှသုံးဆယ်ပြည့်ခါနီးအဒေါ်ကြီးက ရုတ်တရက်လက်အစုံကို ရှေ့မှကော်ဖီစားပွဲပေါ်သို့တင်လိုက်ပြီး လက်ဆယ်ဖြာကိုယှက်လိုက်သည်။
"ငါတကယ်သူ့ကိုတွေ့ချင်လို့"
"နင်ငါနဲ့ လေဆိပ်ကိုအဖော်လိုက်ပေးပါလား"
"နောက်ဆုံးတစ်ခေါက်ပါ.. တကယ်ပြောတာ"
"ငါကတိပေးတယ်.. ငါတကယ် အဝေးကပဲသူ့ကိုကြည့်မှာ.. ကင်မရာတောင်မယူဘူး"
"လုပ်ပါဟာ..."
သူပြောသောစကားသုံးလေးခွန်းက ကျွန်မခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ ပျံ့လွင့်နေသလိုခံစားရသည်။
အမှန်ပင် သူပြန်လာတော့မှာပါလား။
သူတင်မဟုတ်၊ သူနှင့်အတူ သူ့ကိုသတိရတိုင်း စာရွက်ပေါ်တွင်ပုံတစ်ပုံဆွဲလေ့ရှိသော ကလေးမလေးလဲပြန်လာပြီ။
ဆံပင်တိုမှဆံပင်ရှည်၊ ဘောင်းဘီတိုမှ ဘောင်းဘီရှည်သို့ပြောင်းလဲသွားသော်လည်း သူ့ကိုတွေ့ဖူးချင်သည်ဆိုသော စိတ်ဆန္ဒတို့ကတော့ ပြောင်းလဲမသွားခဲ့။
VOCÊ ESTÁ LENDO
The Boy Nextdoor
FanficAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
