Zawgyi
မီးရှူးမီးပန်းဖောက်သည့်အချိန်ပင်ရောက်တော့မည်။
ကျွန်မဖုန်းထဲတွင် နှစ်သစ်ဆုတောင်းပို့ရမည်သူအားလုံး၏ message များကိုစာစီခြင်းလက်စသတ်လိုက်၏။ ဆရာမကိုပို့ရန်၊ အတန်းဖော်ကိုပို့ရန်၊ Client ကိုပို့ရန်၊ ဟိုဖက်ကိုက်ဖော်အဖွဲ့များကိုပို့ရန်..ပြီးတော့ သူ့ကိုပို့ရန်။
အစက စာစီထားသော ရှည်လျားလှသည့် "backstage မှာလား G-dragon စစ်ထဲကပြန်ထွက်လာပြီတဲ့ ငါတီဗီရှေ့ကစောင့်နေမယ်နော် CCTV က နှစ်ကူးပွဲတောင်တက်ပြီးပြီပဲ ဒီဟာလောက်တော့စိတ်မလှုပ်ရှားဘူးမှတ်လား နင်တို့သုံးယောက်ဘာဆိုမှာလဲ သြော်ဟုတ်သားပဲ happy new year နော်" ဆိုသည့် message မှာ စာလုံးလေး ခုနစ်လုံးအဖြစ် အတိုချုံ့ခံလိုက်သည်။
"နှစ်သစ်မှာ ပျော်ရွှင်ပါစေ နော်".
ဒီ "နော်" ဆိုသော အဆုံးပိတ်တစ်လုံးတောင်မှ ကျွန်မ "ကွယ်၊ ဗျို့၊ ရော၊ လို့" အစရှိသောစာလုံးများကြားမှ နောက်ဆုံးရွေးချယ်လိုက်သည့် ace စာလုံးဖြစ်သည်။
Message ပို့သောလက်ချောင်းလေးများအေးနေသည်ကို အနွေးဓါတ်မပေးနိုင်သေးခင် ဧည့်ခန်းထဲမှ မယ်ဖုရား၏ရုတ်တရက်အော်ခေါ်သံကိုကြားလိုက်ရသည်။
"ဟဲ့...ဟဲ့..ဟဲ့... ဒီမယ် နင့်သားသီချင်းဆိုတာလာပြီ!"
ခြေလှမ်းသုံးလှမ်းလောက်ဖြင့် ဧည့်ခန်းထဲအပြေးသွားကာ တီဗီရှေ့တွင်ထိုင်လိုက်သည်။ရော... ချောချက်ပဲ။
ပေကျင်းမှ ဇာတိမြို့သို့ပြန်ရောက်နေတာ သုံးရက်ပင်ရှိသွားပြီ... ကိုယ်တော်လေး Qian ဆီပို့ထားသော ပစ္စည်းတွေရော ရောက်ပြီလားမသိ။
ကျွန်မစောစောစီးစီးအိမ်ပြန်သွားသည်နှင့်ပတ်သတ်ပြီး သူတစ်ချိန်လုံးမကျေမချမ်းဖြစ်နေသည်လေ။"စောစောပြန်ပြီး ကလေးထိန်းရမှာမို့လို့လား"
KAMU SEDANG MEMBACA
The Boy Nextdoor
Fiksi PenggemarAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
