Zawgyi
"အစ်ကိုလေး Xi! ဒီခြင်ဆေးက လုံးဝယူသွားရမှာနော်.. ရုပ်ရှင်ရိုက်တဲ့နေရာကခြင်တွေက အကြီးကြီးတွေ"
အရှေ့မှသွားနေသော baseball ဦးထုပ် ငိုက်စိုက်ဆောင်းထားသည့်ကောင်လေးက ရုတ်တရက်ရပ်လိုက်ပြီး မျက်မှောင်ကျုံ့ကာ shopping cart ကိုတွန်းထုတ်လိုက်သည်။
"ဒီဆေးကြီးပဲ နှစ်ဆယ့်လေးမျိုးလောက်ရှိပြီ။ ကျွန်တော့်ကို ခြင်ဆေးတွေနဲ့ဖို့သတ်မလို့လား?"
သူပြောမှပဲ ကျွန်မသတိထားမိတော့သည်။ ကျွန်မထည့်ထားသည့်ခြင်ဆေးဘူးတွေ ဒီလောက်များနေမှန်း။
ကလေးသုံးယောက်လုံး production ခပ်ကြီးကြီးဇာတ်လမ်းတစ်ခု၏ ခပ်သေးသေးဇာတ်ကောင်နေရာသုံးခုကို ရိုက်ရန်ကမ်းလှမ်းခံထားရသည်။ ဒီတစ်ပတ်ပင် အထုပ်ဆွဲကာ ရိုက်ကွင်းသို့သွားရတော့မည်။
တိုက်ဆိုင်စွာပင် ကျွန်မကျောင်းတက်တုံးက သူတို့ရုပ်ရှင်ရိုက်မည့်နေရာသို့သွားကာ internship ဆင်းဖူးသည်။ လဝက်လောက်နေခဲ့ဖူးတော့ ထိုနေရာအကြောင်းကို ဘယ်လောက်ဒုက္ခရောက်မှန်း ကောင်းကောင်းသိသည်ဟုပင်ဆိုရမည်ထင်သည်။ အစက ကျွန်မဘာသာဝယ်စရာရှိတာဝယ်ပြီး သူ့ဆီအဆင်သင့်လေးပို့လိုက်ဖို့ပါပဲ။ သို့သော် ကိုယ်တော်လေး Qian က ထမင်းစားပြီး အစာကြေအောင်လမ်းလျှောက်မည်ဟုဆိုကာ လိုက်လာသည်။
Qian ge ပြောစကားအရဆိုလျှင် ယခုတစ်ခေါက် သူတို့သုံးယောက်သရုပ်ဆောင်ရမည့်နေရာမှာ 'အသေမိုက် အသေလန်း ရန်ဖြစ်အရမ်းတော် မိန်းကလေးတွေကိုလုံးဝဂရုမစိုက်သော ထူးထူးဆန်းဆန်းခပ်မိုက်မိုက်ကောင်လးသုံးယောက်' တဲ့။
ထို့နော်တွင်တော့ ထို 'အသေမိုက် အသေလန်း' သည့်ခပ်မိုက်မိုက်ကောင်လေး Qian တစ်ယောက် ကျွန်မနာမည်ပင်လိုက်မမီတော့သည့် မွေးပွရုပ်လေးနှစ်ရုပ်ကို shopping cart ထဲခပ်မြန်မြန်ကောက်ထည့်လိုက်သည်ကို တွေ့လိုက်ရသည်။ ပြီးတော့ ကျွန်မဘက်ကိုလှည့်ကာ လေးခါလောက် "ဒါ Nan Nan အတွက်" ဆိုပြီးပြောလိုက်သေးသည်။
YOU ARE READING
The Boy Nextdoor
FanfictionAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...
