Zawgyi
ဆယ့်တစ်လပိုင်း နှစ်ဆယ့်ရှစ်ရက်၊ တိမ်ထူသည်။
မနက်က ကျွန်မကြက်ဥချောင်းနှစ်ခုပါသော pancake တစ်ခုစားသည်။ နေ့လည်စာအဖြစ် ငရုတ်သီးသုံးဇွန်းခပ်ထားသော ဖက်ထုပ်ပေါင်းတစ်ပွဲစားသည်။ Project နှစ်ခုရေးပြီးသွားပြီဖြစ်သောကြောင့် ငါးနာရီအချိန်မှန်ရုံးဆင်းခဲ့သည်။
ကြည့်ပါဦး .. ကျွန်မသူ့အကြောင်းလုံးဝမစဉ်းစားဖြစ်။
ဒီလဝက်လုံးဒီလိုပဲ အချိန်ကုန်ခဲ့သည်။ ကျွန်မပဲ စိတ်ထိခိုက်ခံစားလွယ်တာလားမပြောတတ်။ ကိုယ့် idol ကိုယ်ဂရုမစိုက်ဖြစ်သောကြောင့် sassaeng fan တာဝန်လဲကျေမည်မထင်။
ပြသနာက like idol like fan ဆိုသလိုပါပဲ.. သူလဲကျွန်မကိုလာမရှာတော့။ ကျွန်မတို့နှစ်ယောက် အတိုင်အဖောက်ညီညီပင် တစ်ယောက် post ကိုတစ်ယောက် like မလုပ်မိအောင်နေဖြစ်ကြသည်။ အကင်ဆိုင်ရှေ့ဖြတ်လျှောက်မိတော့ ဆိုင်ရှင်ကမေးသည်။
"ဒီနေ့တူလေးနဲ့ လာမစားဘူးလား" တဲ့။
.... ကျွန်မလေအရမ်းတိုက်လို့ မကြားသည့်ပုံစံဟန်ဆောင်ကာ အိမ်သို့ခပ်သွက်သွက်ပြန်လျှောက်ခဲ့သည်။
Wechat က friends' circle ထဲမှာတော့ အရင်အတိုင်းပါပဲ...
"အား!! Qian လေးကိုယ်တိုင်ဂီတာတီးပြီးသီချင်းဆိုတာ ချောလိုက်တာ!!"
"အား!!! Ballad ကို အကကတာ!! ငါသေပြီ!!"
"သောက်ပလုတ်တုတ်! Fan service အစီအစဉ်ရှိတယ်တဲ့!!!"
..... အင်း... ကျွန်မ TV ပဲကြည့်တာကောင်းမည်ထင်သည်။
"အခုကျွန်မတို့အစီအစဉ်မှာပြမယ့်သတင်းကတော့ TFBoys ရဲ့ member ဖြစ်တဲ့ Yi Yang Qianxi ရဲ့မွေးနေ့ပွဲကို ကျန်တဲ့ member နှစ်ယောက်လာပြီး surprise လုပ်တဲ့အကြောင်းပဲဖြစ်ပါတယ်.."
... အင်း... အိပ်တာပဲကောင်းပါသည်လေ။
YOU ARE READING
The Boy Nextdoor
FanfictionAuthor 易太太烊太太千太太玺大大 ရဲ့ fic လေးကို Orange (TFBoys Clover Myanmar) က translate လုပ်ထားတာပါ မူရင်စာရေးသူရဲ့ ဘာသာပြန်ဖို့ခွင့်ပြုချက်လဲ ရထားပြီးသားပါနော် FB page မှာလဲတင်ထားပါတယ် ဒါကတော့ Wattpad version လေးပေါ့ များများဖတ်ပြီး များများလေး comment ပေးကြ...