Unicode
T/n - နောက်ကြောင်းပြန်ခြင်း
၆။ အာလူး
ကြယ်ပွင့်လေးရဲ့စိတ်ထဲတွင်-
အိမ်ကို ငါ့နောက်ကနေ မှုန်တေတေမျက်နှာဘေးနဲ့လိုက်လာတယ်။ ပိန်ညောင်ညောင်ခြေလက်တေါနဲ့ ငါ့ကို ပထမဆုံးညစာလုပ်ပေးတယ်။ အဲ့ဒါက ငါ့ကိုသဘောကျစေတယ်။
ဗြောင်ပန်းကန်နှစ်ခု- သူက ငါ့ထက်တောင်မှ ပိုပြီးအံ့အားသင့်နေသလိုပဲ။
ထို့နောက် သူဆေးကို ကြိုးကြိုးပမ်းပမ်းရှာလိုက်တယ်။ သူ့ရေခဲသေတ္တာအလွတ်ထဲက အသင့်စားခေါက်ဆွဲနှစ်ထုတ်နဲ့ အားလူးကြီးနှစ်လုံးကို ထုတ်လာပြီး သူမျက်လုံးနှစ်စုံကတော့ ရတနာထုပ်ကို ရှာတွေ့တဲ့အလား တောက်ပနေတယ်။
အသင့်စားခေါက်ဆွဲက နွေးပြီး စားလို့ကောင်းတယ်။ သူပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်လာပြီးတော့ ငါ့ကို ပေးလာတယ်။ ငါသူ့ကို စားခိုင်းပေမယ့်လည်း သူခေါင်းခါလိုက်ပြီး အာလူးပြုတ်ထားတာမို့ အတော်အတန်ကျက်သွားရင် စားလိုက်မယ်လို့ ပြောလာတယ်။
ငါတူကိုချလိုက်ပြီး သူနဲ့အတူတူစောင့်လိုက်တယ်။
အာလူးကို အိုးထဲထည့်ထားပြီး နူးလာတဲ့အထိပေါင်းထားတယ်။ အာလူးကို အခွံချွတ်ပြီး ဆားနဲ့တို့လိုက်တော့ အရသာက တော်တော်လေးကောင်းမွန်တယ်။
ငါမရ,ရအောင်တောင်းဆိုတာကြောင့် သူနဲ့ငါနဲ့ ခေါက်ဆွဲတစ်ပန်းကန်ကြီးကို တစ်ဝက်ခွဲလိုက်ပြီး အာလူးအကြီးကြီးကို စားလိုက်တယ်။
တကယ်တော့ အာလူးကို စားဖို့အတွက် နည်းလမ်းပေါင်းစုံစဉ်းစားခဲ့ရတယ်။ ဥပမာ ငရုတ်သီးအနှစ်နဲ့ အသုပ်နဲ့တွဲစားတဲ့ ဆော့စ်ကို ပေါင်းထည့်ပြီး ငံပြာရည်အနောက်လောင်းထည့်၊ ရှာလကာရှည်လေးနည်းနည်းပေါက်လိုက်ပြီး အရသာမှုန့်ပေါင်းထည့်၊ စားပွဲပေါ်မှာရှိတဲ့အရသာမှုန့်တေွ အကုန်ပေါင်းထည့်လိုက်တာက တော်တော်လေးပျော်စရာကောင်းတယ်။
ရိုးရှင်းတဲ့ဟင်းလျာတောင်မှ သူ့လောက်မရိုးရှင်းနိုင်ဘူး။ အဲ့ဒါကို စားရတာက အံ့ဩစရာကောင်းလောက်အောင် ကျေနပ်စရာကောင်းပေမယ့်လည်း မမျှော်လင့်ထားလောက်အောင် ငန်နေတယ်။
....
Zawgyi
၆။ အာလူး
YOU ARE READING
15P 7H 6SM | ⟨⟨Myanmar Translation⟩⟩ ✓
RomanceAssociated Name - 15P,7H,6SM的故事大集 Author - 琥珀虫子 Eng Trans - polarbearaside Chapters - 28 parts (Completed) This is not my own. All rights belong to 琥珀虫子 and polarbearaside. Full credit to them. Thanks for reading. ♡♡ ★ Both Zawgyi and Unicode Availa...