အခန်း (၁၀) | အခန္း (၁၀)

2.6K 462 1
                                    

Unicode

၁၀။ ကတိ

ကြယ်ပွင့်လေး၏စိတ်ထဲတွင်-

သူ ငါ့အိပ်ရာပေါ်မှာ ခုနကတုန်းက အရှုပ်အရှင်းအခြေအနေကြားထဲကနေ ပုံမှန်အသိစိတ်ပြန်ရောက် သွားအောင်လို့ ရုန်းကန်နေတယ်။

ငါဆေးလိပ်သောက်နေရင်း သူ့ကို သတိပေးလိုက်တယ်။

သူ့မှာ မျက်တောင်ရှည်ရှည်တွေရှိပြီး သူ့မျက်လုံးတွေက မကြီးပေမယ့်လည်း နတ်ဘုရားထံကရရှိထားတဲ့ မျက်လုံးတစ်စုံလိုပဲ။

သူ့မှာ နှာတံဖြောင့်ဖြောင့်ရှိတယ်။

ဆွဲဆောင်မှုရှိသည့် အသည်းယားစရာကောင်းသည့် နှုတ်ခမ်းတစ်စုံ

အပေါ်နှုတ်ခမ်းက နောက်နှုတ်ခမ်းထက် ပိုပြီးထူတယ်

ဒီလိုရုပ်လက္ခဏာပိုင်ဆိုင်တဲ့သူမျိုးကို သူ့ခင်ပွန်းဖြစ်လာမည့်သူက အရမ်းချစ်မှာ သေချာတယ်။

သူ ငါ့အမြင်အာရုံရှေ့မှာ ရောက်နေတာကို သတိပြန်ဝင်လာတော့ သူ့ပင်ပန်းနေတဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး ညင်သာတဲ့အသံလေးနဲ့ပြောလာခဲ့တယ်။

"ဆေးလိပ်သောက်တာက မင်းကျန်းမာရေးအတွက် မကောင်းဘူး"

တတွတ်တွတ်ပြောနေတဲ့သူ့ပါးစပ်ကို အချိန်မီပိတ်လိုက်ပြီး ငါတို့နမ်းခဲ့ကြတယ်။ ပြင်းထန်တဲ့ဆာလောင်မှုကြောင့် နောက်တကြိမ်တောင် ထပ်စလုနီးပါးပဲ။

သူ အများကြီးပြောတယ်။ သူက ငါ့ကို ကြက်တူရွေးတစ်ကောင်လိုဘဲ အဆက်မပြတ်ပြောတယ်။

"မင်းဘာလို့ အစားသေချာမစားတာလဲ?"

"နောက်တစ်ခုပြန်ပြီလား? တစ်ညကို ဆေးလိပ်နှစ်လိပ်ဘဲ သောက်မယ်လို့ ပြောထားတာမဟုတ်ဘူးလား?"

"ဒီတရုတ်နံနံကြီးက အရသာရှိတယ်။ မင်းကို လိမ်ညာခဲ့ရင် ငါခွေးဖြစ်ပါစေ။ မယုံဘူးဆိုရင် စမ်းကြည့်၊ ငါမင်းကို အရူးလုပ်တယ်လို့ထင်ရင် မင်းတစ်ကိုက်,ကိုက်ကြည့်လိုက်၊ မြည်းကြည့်လိုက်ပါ"

ကတိကို ငါဝတ်ကျေတန်းကျေဘဲ ငါပေးဖြစ်တယ်။

"ကောင်းပြီ။ ကောင်းပြီ။ မနက်ဖြန်ကောင်းကောင်းစားပါ့မယ်"

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now