အခန်း (၂၀) | အခန္း (၂၀)

1.8K 345 1
                                    

Unicode

(၆) အားလပ်ရက်

လက်ထောက်လေး၏ စိတ်ထဲတွင်-

အောက်တိုဘာရောက်ပြီဖြစ်ပြီး မင်းလည်း ပိတ်ရက်တော်တော်လေးရတယ်။

မနှစ်တုန်းက မင်းမှာ အချိန်မရှိတာကြောင့် အိမ်ပြန်ပြီး မိဘတွေကို တွေ့လို့မရခဲ့ဘူး။ ဒီနှစ်တော့ မင်း သွားကိုသွားရမယ်။

မင်းက ငါနဲ့အတူပြန်ချင်ပေမယ့်လည်း ငါယဉ်ယဉ်ကျေးကျေးနဲ့ဘဲ ငြင်းလိုက်တယ်။ မင်းကိုပျိုးထောင်ပေးခဲ့တဲ့မိဘတွေကို တွေ့ဖို့အတွက် ငါ့စိတ်ကို သေချာမပြင်ဆင်ရသေးဘူး။ မင်းမိဘတွေကို တွေ့တဲ့အခါကျရင်လည်း ငါဘာစကားတစ်လုံးမှ ထွက်လာနိုင်မှာမဟုတ်ဘူး။

မင်းမကျေမနပ်ဖြစ်ပြီး ပွစိပွစိလုပ်နေတယ်။ နောက်ဆုံးတော့လည်း မင်းဘာသာမင်း ပြန်သွားလိုက်ရတာပါပဲ။

အိမ်မှာ ငါတစ်ယောက်တည်းကျန်နေခဲ့တယ်။

TV ကြည့်လိုက်၊ ကွန်ပျူတာလုပ်လိုက်၊ စာဖတ်လိုက်နဲ့ တနေ့တနေ့ ရေလိုပဲ ရိုးရိုးရှင်းရှင်းပဲပြီးသွားတယ်။ အနားယူချိန်နည်းနည်းလေးတော့ရှိတာပေါ့။

မင်းကို တရက်ထက်တရက်ပိုပြီးလွမ်းလာတာကြောင့် နေရတာမသက်မသာဖြစ်လာတယ်။

အဲ့နေ့မနက်ကျတော့ မထိုင်နိုင်တော့တာကြောင့် အိမ်အတွင်းအပြင် သန့်ရှင်းရေးလုပ်လိုက်၊ ဝယ်ထားပြီးကြာနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ပစ်ထုတ်လိုက်နဲ့၊ ပြက္ခဒိန်ကို ကြည့်လိုက်တော့ အရောင်တောက်တောက်နဲ့ ၅ ခုခြစ်ထားတာကို တွေ့လိုက်ရတယ်။ ငါဝိုးတိုးဝါးတာနဲ့တွေးလိုက်တော့ 'နှစ်ရက်ကျန်သေးတာပဲ။ ငါနှစ်ရက်လောက်ဘဲ သည်းခံလိုက်ရင် ရပြီ၊ ပြီးရင် သူပြန်လာတော့မှာ..'

ဘာဖြစ်တာလဲတော့မသိဘူး။ အဲ့နေ့ နေ့လည်ခင်းမှာ နတ်ဆိုးနဲ့ နတ်ဘုရားတွေက အလုပ်ရောက်နေသလိုပဲ။ ငါဈေးသွားပြီး မင်းကြိုက်တတ်တဲ့ဟာတွေ ဝယ်လာခဲ့လိုက်တယ်။ မီးဖိုချောင်ထဲမှာ ပုံမှန် အချိန်သုံးနာရီလောက် ဖြုန်းလေ့ရှိတယ်။ ညနေခင်းဆို ထမင်းစားပွဲကို ဧည့်ခန်းထဲမှာ ခင်းလိုက်တယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now