အခန်း (၁၅) | အခန္း (၁၅)

2.5K 414 1
                                    

Unicode

(၁) မျှော်လင့်ချက်

လက်ထောက်လေး၏စိတ်ထဲတွင်-

အခုအချိန်ထိ အဲ့အေးစက်စက်မနက်ခင်းကို တွေးနေတုန်းပဲ။ အဲ့အချိန်ကစပြီး ငါ့ချစ်သူနဲ့အတူတူနေခဲ့ကြတယ်။

တစ်ညမှာ Leonid ဥက္ကာပျံကြွေလိမ့်မယ်လို့ ကြားခဲ့တယ်။ သူက Leo လေ၊ အဲ့တာကြောင့် မနက်စောစောပြင်ဆင်စရာရှိ ပြင်ဆင်ပြီးတော့ ညနေမှောင်ရီပျိုးတဲ့အချိန်ရောက်တော့ ဆင်ခြေဖုန်းရပ်ကွက်မှာရှိပြီး လူသူကင်းမဲ့တာတဲ့တောင်ကုန်းလေးကို သွားလိုက်တယ်။

KFC ကနေဝယ်ထားတဲ့ကြက်ကြော်ကို တကိုက်စားလိုက်၊ ပြီးတော့ သူလုပ်ထားတဲ့တစ်ခုတည်းသော ကော်ဖီကိုသောက်လိုက်တယ်။ မြေကြီးမှာထိုင်ရင်း ဥက္ကာပျံတွေတောက်လျှောက်မကြွေလာခင်အထိ စကားထိုင်ပြောနေလိုက်ကြတယ်။

အမှန်တိုင်းပြောပြရရင် ငါသိပ်ပြီးတော့လည်း မမျှော်လင့်ထားပါဘူး။ ဒီလိုပါပဲ။ သူအရမ်းစိတ်လှုပ်ရှားနေတာကို မြင်ခဲ့တာကြောင့် ငါသူ့နောက်လိုက်သွားချင်ခဲ့တယ်။

ငါတို့စောင့်ပြီးရင်း စောင့်ခဲ့တယ်.... မှောင်သွားတဲ့အချိန်ထိစောင့်ခဲ့တယ်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ လေးလုံးလောက် ထွက်လာပြီး ကြယ်မိုးရွာမယ့်အရိပ်အယောင်မမြင်ရသေးဘူး။ ငါနည်းနည်းချမ်းလာတာကြောင့် မရပ်မနားအသက်ရှူနေတယ်။ သူသတိထားမိသွားပြီး ငါ့လက်ကို ဆွဲယူပြီးတော့ သူလက်တွေနဲ့အတူတူ ပွတ်ပေးနေတယ်။

ကားထဲမှာ ကုတ်အင်္ကျီအပိုရှိတာကို ငါသတိရမိသွားတော့ ထရပ်လိုက်ပြီး သွားယူချင်ခဲ့တယ်။

ပြီးတော့ ရုတ်တရက် သူခေါ်လိုက်တာကို ကြားလိုက်တယ်။

"ဒီမှာ! ဒီမှာ!"

ငါကြည့်လိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားပြီ။ ဒါ့ကြောင့် ငါသူ့ကိုမေးလိုက်တယ်။

"ဆုတောင်းခဲ့သေးလား?"

"အာ....မင်းကို ကြည့်ဖို့ခေါ်လိုက်တာနဲ့ ငါလည်းမေ့သွားတယ်"

'ထားလိုက်တော့' ဆိုတော့ လက်ဟန်ခြေဟန် ငါလုပ်ပြလိုက်ပြီး ကုတ်အင်္ကျီကို ထုတ်လိုက်တယ်။ သူငါ့ကိုဆွဲလိုက်ပြီး ထိုင်ခိုင်းတာကြောင့် ကုတ်အင်္ကျီကို ဝတ်လိုက်တယ်။ ကုတ်အင်္ကျီက နှစ်ယောက်အတွက်တော့ နည်းနည်းလေးသေးတယ်။ သူ့ခါးကို ဖက်ဖို့ပြောလာပြီး သူ့လက်ကို ငါ့လည်ပင်းကို ပတ်လိုက်ပြီး ငါတို့နှစ်ယောက်ကြားမှာ နေရာလွတ်မရှိတော့အောင် ဖိချပူးကပ်လိုက်တယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now