Unicode
(၂) အိမ်
လက်ထောက်လေး၏စိတ်ထဲတွင်-
အိမ်က အိပ်ခန်းနှစ်ခန်းပါပြီးတော့ ဧည့်ခန်းတစ်ခုပါရှိတယ်။ အခန်းမျက်နှာစာပြင်မှာ ၇၀ မီတာ လေးထောင့်စတုရန်းပုံဖြစ်ပြီး ဧည့်ခန်းဘေးမှာတော့ ဖျာရှစ်ချပ်နဲ့ အထက်တန်းစားမိသားစုတွေရဲ့ကိုယ်ပိုင်ရုပ်ရှင်ရုံသဘောမျိုး ဖန်တီးထားတယ်။ အဲ့ဒါတွေကလွဲလို့ ကျန်တာဘာမှမရှိဘူး။ နံရံပေါ်မှာတော့ ဆေးသုတ်ထားပြီး ချည်ရောင်စုံဖြင့် ပုံဖော် ထိုးထားတဲ့အထည်တွေ ချိတ်ထားတယ်။ ငါတို့စိတ်ညစ်ညစ်နဲ့ အဆင့်မြင့်ဈေးမှာယာင်လည်လည်လုပ်နေတုန်း အိမ်သုတ်ဆေးဆီကို တွေ့လိုက်ရတယ်။ ဈေးလျှော့ပေးတာနဲ့တိုးသွားတာနဲ့ ငါတို့လည်း ဝယ်လာလိုက်တယ်။ ရောင်စုံချည်ထိုးအတွက်ကကျတော့ သူ ရှင်းကျန်းကိုတကူးတကသွားပြီး ငါ့အတွက်ဝယ်လာခဲ့တာ။ အဲ့ထိပ်လေးမှာ မြင်းတွေအပေါ်ကိုဆန်တက်နေတဲ့ပုံက ထောင်ချီလောက်ရှိတယ်။ ငါက မြင်းနှစ်မှာ မွေးတာကို။
ဧည့်ခန်းရဲ့ဘယ်ဘက်ခြမ်းမှာတော့ အိပ်ခန်းအကြီးကြီးက ငါတို့အိပ်ခန်းပဲ။ ငါတို့အတူတူနေမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက အိပ်ခန်းကို ငါရွေးထားတာ။ ဘေးမှာ စင်အသေးလေးရှိတယ်။ အဲ့အပေါ်မှာ စားပွဲတင်မီးအိမ်ရှိတယ်။ စင်အသေးလေးထဲမှာတော့ သူ့ပစ္စည်းတွေနဲ့ ငါပစ္စည်းတွေ အတူရှိနေတယ်။ သူကြိုက်တတ်တဲ့အရာလေးတွေလို့ ငါထင်တယ်။ ငါ့ဟာတွေတော့ ဒီလိုပါပဲ။ အဲ့စင်အသေးထဲမှာ ငါအကြောက်ဆုံးအရာတွေကတော့ ကွန်ဒုံးနဲ့ ချောဆီတွေပဲ..
ပုံမှန်ဆို သတိရတဲ့သူဝယ်ဆိုတာနဲ့ 'အင်မတန်ထားသို' တာမျိုး မကြာခဏဖြစ်သွားတတ်တယ်။ အဲ့အချိန်ကျရင် တစ်ယောက်နဲ့တစ်ယောက် စနောက်ပြီး ခေါ်လေ့ရှိတယ်။ 'နတ်ဆိုးကောင်' ၊ 'နှာဘူး' စသဖြင့်ပေါ့...
အိပ်ခန်းထဲမှာတော့ စက္ကူနဲ့လုပ်ထားတဲ့ လေဘောလုံးလေးတွေကို ချိတ်ဆွဲထားတယ်။ ယွမ်နန်ဆိုတဲ့ မြို့ငယ်လေးကို သွားတုန်းက တွေ့ပြီး နှစ်ယောက်သားလည်း အကြိုက်တူတာနဲ့ ဝယ်ခဲ့လိုက်ကြတယ်။
YOU ARE READING
15P 7H 6SM | ⟨⟨Myanmar Translation⟩⟩ ✓
عاطفيةAssociated Name - 15P,7H,6SM的故事大集 Author - 琥珀虫子 Eng Trans - polarbearaside Chapters - 28 parts (Completed) This is not my own. All rights belong to 琥珀虫子 and polarbearaside. Full credit to them. Thanks for reading. ♡♡ ★ Both Zawgyi and Unicode Availa...