အခန်း (၉) | အခန္း (၉)

2.6K 463 12
                                    

Unicode

၉။ ကိုယ်ဝန်

ကြယ်ပွင့်လေး၏စိတ်ထဲတွင်-

ငါနည်းနည်းလေးတကိုယ်ကောင်းဆန်သွားတယ်လို့ ငါထင်တယ်။

ငါ့ရဲ့ 'ချစ်သူ' လုပ်ခိုင်းဖို့အတွက် ဒီလိုနည်းလမ်းမျိုးကို ငါသုံးလိုက်တယ်။ တကယ်တော့ ဒီလိုဇာတ်ကောင်မျိုးကို သရုပ်ဆောင်ဖို့အတွက် ခံစားချက်လေးသိချင်လို့ လုပ်လိုက်တာပဲ။ သရုပ်ဆောင်ရတာ အရမ်းခက်ခဲတယ်လေ။

လန်ယွီ၊ သိပ်ကိုရိုးရှင်းပြီး လှပတဲ့နာမည်တစ်ခု

ဖတ်ပြီးသွားတော့ အင်တာနက်ကနေ မူရင်းလက်ရာဖြစ်တဲ့ပေကျင်းပုံပြင်က‌နေ ရှာလိုက်တယ်။ လန်ယွီက အချစ်အကြောင်းတွေချည်းပဲ၊ မိန်းမနဲ့ယောက်ျားကြားက ပုံစံလိုဘဲ ဇွဲရှိတယ်၊ လုံ့လရှိတယ်၊ အစွဲအလမ်းကြီးတယ်၊ စဉ်းစားချင့်ချိန်တတ်တယ်၊ ချစ်စိတ်ပြင်းပြတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ စိတ်ရင်းကောင်းသလို ကြင်လည်းကြင်နာတတ်တယ်။

ဒီလိုလူမျိုး၊ ငါအဲ့လိုပုံစံမျိုး သရုပ်ဆောင်နိုင်ပါ့မလား?

သရုပ်ဆောင်အတန်းရဲ့ပထမဆုံးနေမှာ ဆရာက ဟောင်ရမယ်၊ ခွေးတစ်ကောင်လို လမ်းလျှောက်ပြီး စားသောက်ရမယ်လို့ ခိုင်းခဲ့ဖူးတယ်။ နောက်ပိုင်းမှာ ကင်မရာကိုတွေ့တာနဲ့ ဘာပဲဖြစ်ဖြစ်လုပ်နိုင်ရမယ်လို့ ပြောခဲ့ဖူးတယ်။ အဲ့ဒါက အသေးအမွှားလေးပါ။

ရုပ်ရှင်သင်တန်းကျောင်းရဲ့လေးနှစ်လုံးလုံးမှာ ဒါရိုက်တာနဲ့အတူ မာကျောက်ကစားတာကို သင်ခဲ့ရတယ်။ ပိုက်ဆံတွေ သောက်သောက်လဲရှုံးခဲ့ပေမယ့်လည်း ရေကန်တစ်ခုသဖွယ်ရှိတဲ့အဆက်အသွယ်တွေကို ဘယ်လိုလိုက်ရမလဲဆိုတာကို သိမြင်သွားခဲ့တယ်။ ငါအထင်သေးခဲ့တဲ့အရာအများစုက သကြားရည်လို ချိုမြနေရမယ်ဆိုတာကို လေ့လာခဲ့ရတယ်။ တော်သေးလို့ မြန်မြန်ထွက်လာခဲ့လို့သာပေါ့။

[T/n - ပြောချင်တာက အနုပညာလောကဆို ကိုယ်နေရာရဖို့ ဒါရိုက်တာတွေကို ကပ်ဖားဘာညာ၊ ခန္ဓာကိုယ်ပေးပေါင်းတာတွေကို ပြောတာ]

ငါ့အတန်းဖော်တွေလိုမျိုး ယောက်ျားလေးဒါရိုက်တာတွေနဲ့ အိပ်ရာထဲသွားဖို့ မလိုအပ်ခဲ့ဘူး။ အဲ့ကောင်တွေက မိန်းမတွေနဲ့လည်း ရှုပ်ကြတာပါပဲ။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now