အခန်း (၁၈) | အခန္း (၁၈)

1.8K 347 0
                                    

Unicode

(၄) ပျော်ရွှင်မှု

လက်ထောက်လေး၏စိတ်ထဲတွင်-

ငါမတော်တဆနဲ့ ငါတို့တွေ ဟိုင်းနန်က အထိမ်းအမှတ်တရအဖြစ်ဂုဏ်ပြုပွဲမှာရိုက်ထားတဲ့ ဓာတ်ပုံကို တွေ့လိုက်ရတယ်။ မင်း ဘာလို့ ဒီပုံကို တန်ဖိုးထားပြီး သိမ်းထားရသလဲဆိုတဲ့အကြောင်းအရင်းကို ငါသိတယ်။ - အဲ့တုန်းက ငါတို့တွေအရမ်းကပ်နေကြပြီး အပြင်ဘက်ကနေမမြင်ရပေမယ့်လည်း ငါတို့လက်တွေ ခိုးကြောင်ခိုးဝှက်နဲ့ တွဲထားကြတယ်။

ငါတို့ ဟိုင်းနန်ကတောင်ပေါ်မှာ ဓားပြတွေလက်ကနေလွတ်မြောက်လာတဲ့အခန်းကို ရိုက်ကြတာမှာ ဒါရိုက်တာက NG ဆိုပြီး ခဏခဏပြောတယ်။ ရှိုးအတွက်ဆိုပေမယ့်လည်း သိပ်မကြာပါဘူး၊ နေ့လည်ကနေ ညနေမှောင်တဲ့အထိကို ရိုက်လိုက်ရတယ်။ အဲ့အဖိုးအိုကြီးက စိတ်ဝင်စားလာပြီးတော့ ညဘက်မှာ ယုတ်မာတဲ့ဓားပြတွေကို ဖမ်းတဲ့ပုံစံမျိုးလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ငါအရမ်းကို ပင်ပန်းနေပြီး အထူးသဖြင့် ငါ့ခါး၊ အဲ့ဒါက အရမ်းနာနေတာကြောင့် မတ်တတ်ရပ်ဖို့တောင် မလွယ်ဘူး။ ကြာကြာရပ်ရင် ပြဿနာရှိလာနိုင်တယ်။ မင်း သတိထားမိသွားပြီး အရှေ့အနောက် ပြေးနေရတဲ့မင်းနောက် မလိုက်လာဖို့ မင်းပြောလာခဲ့တယ်။ ဒါ့ကြောင့် ငါသစ်ပင်ကို မှီရင်းအိပ်ပျော်သွားခဲ့တယ်။ ငါအိပ်ရာကနိုးလာတော့ ရဲဝတ်စုံအထူကြီးနဲ့ အုပ်ထားခံရတာကို သိလိုက်ရတယ်။ ပြီးတော့ မင်းကရဲဝတ်စုံအစိမ်းရောင်ကို ဝတ်ထားတာကိုလည်း တွေ့လိုက်တယ်။ ကျန်းမာသန်စွမ်းနေတယ်၊ မင်းက ဒါရိုက်တာခိုင်းတဲ့အတိုင်း ဓားပြတွေကို ဖမ်းဖို့အတွက် နေရာအနှံ့ပြေးနေတယ်...

.....

TV မှာ လူသိများတဲ့အစီအစဉ်တင်ဆက်သူက 'ငယ်ရွယ်ပြီး အလားအလာကောင်း' တဲ့မင်းကို အင်တာဗျုးကို တွေ့လိုက်ရတယ်။ မင်း တိတ်တိတ်လေးပျင်းရိနေတာကို ငါမြင်လိုက်ရတာကို ဂုဏ်ယူနေမိတယ်။ မင်းရဲ့စိတ်မရှည်မှုကို တော်တော်လေးကို ထိန်းသိမ်းထားနိုင်တာပဲ။ ကင်မရာက မင်းကို အနီးကပ် ဆွဲရိုက်လိုက်ချိန် တစ်ဖက်သူက မင်းရဲ့ရင်ဘတ်ပေါ်က လက်ဖွဲအဆောင်ကို ထပ်ခါထပ်ခါပွတ်သပ်နေတာကြောင့် မင်းလက်ကို တတောက်တောက် ခေါ်က်နေတာကို တွေ့နေရတယ်။ TV ရှေ့မှာ ထိုင်ရင်း မနေနိုင်လို့ ရယ်မိလိုက်တယ်၊ ဒီတစ်ခါ မင်းကို ငါဒီအဆောင်လေးပို့ပေးလိုက်တာကို မင်းကရုပ်တည်ကြီးနဲ့ မင်းအကြိုက်ဖြစ်လာမှာမဟုတ်ဘူးဆိုပြီးတော့ ပြောလာခဲ့တာကို မှတ်မိသေးတယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now