အခန်း (၁၄) | အခန္း (၁၄)

2.7K 438 0
                                        

Unicode

15P 7H 6SM က ကြယ်ပွင့်လေးရဲ့စိတ်ထဲမှာ ရှိတဲ့အကြောင်းက ၁၅ ပိုင်း (၁၅ ပိုင်းဆိုပေမယ့်လည်း ဒီဟာအပါဝင်မှာ ၁၄ပိုင်းပဲရှိတာပါ)၊ လက်ထောက်လေးရဲ့စိတ်ထဲက အကြောင်းက ၇ ပိုင်းနဲ့၊ သူတို့နှစ်ယောက် အတူတူရှိသွားတဲ့အခါမှာ ရှိတဲ့အကြောင်းကတော့ ၆ ပိုင်းပါ။

၁၄။ တန်ဖိုးကြီးသော

ကြယ်ပွင့်လေး၏စိတ်ထဲတွင်-

ဒီနေ့ TV မှာ ငယ်ရွယ်တဲ့အစီအစဉ်တင်ဆက်သူ မိန်းမပျိုလေးတစ်ယောက်က ကြောက်စရာကောင်းလောက်အောင် ထိုင်ဝမ်စတိုင် အဝတ်အစားကို အတုခိုးဝတ်ထားပြီး ကလေးသံနဲ့လည်း စကားပြောနေသေးတယ်။

"အင်း၊ ဘယ်လိုအရာမျိုးကို တန်ဖိုးရှိတဲ့အရာလို့ ရှင်ထင်ပါသလဲ?"

ငါအိပ်ချင်နေခဲ့တယ်။ ဒါပေမယ့် ဒီမေးခွန်းကို ငါကြားပြီးတော့ ငါ့ရဲ့မျက်လုံးတွေက တောက်ပလာပြီး လင်းလက်လာခဲ့တယ်။

မင်းလို့ ငါထင်သွားခဲ့တာ

နေ့တိုင်း အိပ်ရာနိုးလာတိုင်း မင်းက ငါ့ဘေးမှာ နားနားကပ်ပြီး ဒီလိုပြောရှိတာကို သတိရမိလိုက်တယ်။ "အိပ်ရာထိဖို့အချိန်တန်ပြီ။ ငပျင်းကောင်လေး"

မင်း တရုတ်ဆေးဆိုင်တွေကိုသွားပြီးတော့ ငါ့လည်ပင်းကို သက်သာစေမယ့် တရုတ်ရိုးရာဆေးနည်းတွေကို လိုက်ရှာလေ့ရှိတာကို ငါမှတ်မိသေးတယ်။

မင်းအိပ်ငိုက်နေတဲ့ညတွေမှာဆိုရင် ငါ့ကိုစောင့်ရင်း မင်း ကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားလေ့ရှိတာကို ငါမှတ်မိသေးတယ်။

ငါ့တီဗီရှိုးတွေကို အခွေသုံးဆယ်ကျော်လောက် ဖမ်းထည့်ထားတယ်ဆိုတာကိုလည်း ငါသိတယ်။

မင်း ညည်းညူတာကိုလည်း ငါမှတ်မိသေးတယ်။

ငါတို့အပျော်ရွှင်ဆုံးအချိန်မှာ မင်း ငါ့နောက်ကျောကို ကုတ်ခြစ်ခဲ့တာကိုလည်း ငါမှတ်မိတယ်။

မင်း အမြဲတမ်း ရှက်နေခဲ့ပြီး အဲ့ဒါပြီးရင်လည်း ငါ့ကိုအမြဲတမ်း တောင်းပန်နေခဲ့တယ်......

ငါပျော်ရွှင်မှုတွေရသွားတာကြောင့် မျက်လုံးကျဉ်းကျဉ်းလေးဘဲ ဖွင့်နိုင်တော့တယ်။ ဒါ့ကြောင့် အစီအစဉ်တင်ဆက်သူ မိန်းမပျိုလေးက ငါ့ရဲ့ရုပ်ရည်လို ချောမောတဲ့ကောင်လေးတစ်ယောက်ကို အရူးအမူးစွဲလမ်းသွားတဲ့ပုံ ပေါ်နေတယ်။

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now