အခန်း (၁၂) | အခန္း (၁၂)

2.6K 463 2
                                    

Unicode

၁၂။ ခွင့်လွှတ်ခြင်း

ကြယ်ပွင့်လေး၏စိတ်ထဲတွင်-

ငါလုပ်နိုင်တာတစ်ခုက ဘာမှမဖြစ်ခဲ့သလို၊ ငါနဲ့ဘာမှမဆိုင်သလို ပုံစံမျိုး ဟန်ဆောင်လိုက်တယ်။ မင်းဦးလေးကို ငါသွားရှာလိုက်တော့ ငါ့လက်တွေက ချွေးတွေမတရားထွက်နေတယ်။ အကျယ်ကြီးအော်မေးလိုက်တယ်။

"ဟေး အကိုရေ၊ ခင်ဗျားတူလေးရော သူ့ကိုမတွေ့ရတာ ကြာနေပြီနော်"

"အာ၊ သူ?" မင်းဦးလေးက နောက်ခ့ပန်းချီကားကို ချိန်နေတာနဲ့တင် တော်တော်လေးကို အလုပ်များနေတယ်။

ငါ့နှလုံးက မြန်သထက်မြန်အောင်ခုန်နေပြီး သည်းမခံနိုင်တော့ဘဲ မင်းရဲ့သနားစရာကောင်းတဲ့ဦးလေးကို ဆွဲလိုက်ပြီး သူ့ကိုအော်မိလိုက်တယ်။ "အင်း၊ သူလေ, သူဘယ်လိုနေလဲ?"

"သူနန်ကျင်းက သူ့အဖွားအိမ်ကို သွားတော့မှာ။ အဲ့ကလေးဘဝက သာမာန်ပါပဲ။ ငါ့ညီရဲ့နောက်မိန်းမက သူ့ကိုသည်းမခံဘူးလေ"

အဲ့စကားတွေက ငါ့ကိုရေကန်နက်ကြီးထဲ ပြုတ်ကျသွားအောင် လုပ်လိုက်သလိုပဲ။ ဒါပေမယ့်လည်း ငါရူးမိုက်စွာ ဆက်မြေးနေမိတယ်။

"ဒီ.....ဒီ.....လောက်ပဲလား? သူ.........ဘယ်ချိန် သူထွက်သွားမှာလဲ?"

"မထွက်သွားသေးဘူး။ နောက်နှစ်ရက်ကျော်လောက်ဆိုရင် ထွက်သွားတော့မှာ။ ဒီနေ့ဖြစ်နိုင်သလို မနက်ဖြန်လည်း ဖြစ်နိုင်တယ်။ တိတိကျကျတော့မသိဘူး။ ဒီရက်တွေမှာ ငါလည်းအလုပ်များနေခဲ့တာဆိုတော့...."

ငါနှလုံးက ပြင်းပြင်းထန်ထန်ခုန်ပေါက်လာပြန်တယ်။ အရမ်းနောက်မကျသေးဘူးပေါ့။ ဒီတကြိမ်မှာတော့ ငါ့ကိုယုံပေးပါ။ မင်းကိုလာရှာပြီးရင် ဘယ်တော့မှလက်မလွှတ်တော့ဘူး။

ကျွန်တော့ကိုကျွန်တော် အပြစ်ကြွေးဆပ်ဖို့တစ်ခါလောက်ဘဲ အခါင့်အရေးလေးပေးပါ၊ အရှင်ဘုရား..

...

တရက်သောမနက်ခင်း သာမာန်ရပ်ကွက်နေအဆောက်အဦးတစ်ခုမှာ ကြီးမားတဲ့ခရီးဆောင်အိတ်ကြီး ဆွဲကိုင်ပြီး လမ်းလျှောက်ဆင်းလာတဲ့ကောင်လေးတစ်ယောက်၊ သူ့ကို ဘယ်သူမှဆင်းမပို့ကြဘူး။ အသက်အလတ်အရွယ်လူကြီးတစ်ယောက်ကသာ သူ့ကိုပြောလာတယ်။ "ဂရုစိုက်ဦး။ အိမ်ကို ဖုန်းခေါ်ဖို့လည်းမမေ့နဲ့"

15P 7H 6SM  |   ⟨⟨Myanmar Translation⟩⟩ ✓Where stories live. Discover now