ဒီကမ္ဘာကြီးမှာ မွေးဖွားလာပေးလို့ ကျေးဇူးတင်ပါတယ် Jun
Zawgyi
' တင်းတောင် '
လူခေါ်ဘဲလ်သံကြောင့် Junmyeon အခန်းထဲမှ ကပျာကယာ ပြေးထွက်ကာ အိမ်တံခါးဖွင့်ကြည့်လိုက်သည်။
" Surprise! "
ရိုးရှင်းလှပစွာဝတ်စားဆင်ယင်ထားသော အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက branded လက်ကိုင်အိတ်ကို လက်တစ်ဖက်ကကိုင်ရင်း Junmyeon ကိုပွေ့ဖက်လိုက်ပြီး
" ဝေါ်သဲ့ ရှောင်အာကျစ် ရှန်းရိ့ခွိုက်လော့~ "
" Happy Birthday ပါမားမား သမက်ကလေးရေ~ "
မာမား Zhang ၏မွေးနေ့ဆုတောင်းစကားကြောင့် Junmyeon ရင်ထဲနွေးထွေးသွားကာ တခါမျှလုံလောက်စွာမရဖူးသော မိခင် မေတ္တာတရားကိုပါ ခံစားလိုက်ရသည်။
ဝဲတက်လာသော မျက်ရည်စတို့ကို မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖယ်ရှားပစ်ရင်း မားမား Zhang ကို သူ ပြန်လည်ပွေ့ဖက်ထားလိုက်သည်။
" ကျေးဇူးတင်ပါတယ် မားမား "
Junmyeon တကိုယ်လုံးကို ခေါင်းအစခြေအဆုံး ဂရုတစိုက် ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် မားမားZhang ပြောလာသည်က
" မတွေ့ရတာကြာတော့ ငါ့သမက်ကလေးက ပိုအရပ်ရှည်လာသလားပဲ "
Junmyeon သွားလေးပေါ်အောင် ပြုံးရင်းပြန်ဖြေမိသည်။
" ဟုတ်လား ကျွန်တော် သတိတောင်မထားမိဘူးရယ် "
မားမားကျန်း က Junmyeon ရဲ့ပါးအိအိလေး နှစ်ဖက်ကို ထိကိုင်ထားရင်း နှစ်သက်စွာ ပြောလာ၏။
" အရင်လိုလူကောင်သေးသေးလေး မဟုတ်တော့ပေမယ့် မားမားရဲ့ Junmyeon လေးက လုံးလုံးလေးနဲ့ ချစ်ဖို့ကောင်းနေတုန်းပဲ၊ ဒါနဲ့ ပါးလေးတွေက ပိုဖောင်းလာသလိုပဲ။ ရှင်းအာက ကောင်းကောင်း ဂရုစိုက်တယ်ထင်တယ်။ သားတို့နှစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြတော့ မားမား ဝမ်းသာပါတယ်ကွယ် "
Junmyeon ခေတ္တ ငြိမ်သက်သွားပြီးမှ မားမားZhang ရဲ့လက်ကိုဆွဲကာ စကားလမ်းကြောင်း ပြောင်းလိုက်မိသည်။
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanfictionမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...