Part [23] Cry Baby

94 23 14
                                    

Zawgyi

သာမန်ဆန်သည့် ပိတ်ရက်လေးတစ်ရက်ဖြစ်ပါ၏။ ပေါ့ပေါ့ပါးပါး အိမ်နေရင်းဝတ်စုံဖြင့် Junmyeon ဟာ စာအုပ်တစ်အုပ်ကို ကိုင်ရင်း ရိရှင်းအနားကို ရောက်လာပါ၏။

စွပ်ကျယ်လက်ပြတ်ကို ပေါ့ပါးသည့်ဘောင်းဘီအတိုနှင့်တွဲဝတ်ထားပါသည့် Yixing ဟာ အနားယူချိန်လေးရတာကြောင့် ဖုန်းသုံးနေတာဖြစ်ပေမယ့် သူ့ရဲ့ချစ်သူကောင်လေးက ဘယ်ကထွက်လာမှန်းမသိတဲ့ အခြေခံ မက်ဒရင်းတရုတ်ဘာသာစကား လေ့လာရန် ဆိုသည့် စာအုပ်ကို လှန်လှော်ရင်း သူ့ကိုတောင်းဆိုလာခဲ့လေသည်။

" Xing ငါ့ကို မက်ဒရင်းစကားလုံးဖတ်နည်း သင်ပေးပါလား "

Yixing က မျက်နှာရှေ့ကပ်ထားသည့် မိမိဖုန်းကိုချလိုက်ပြီးနောက် ဂျွန်မြောင်လှန်ထားတဲ့ စာမျက်နှာကိုတွေ့သည်နှင့် ပေါ့ပေါ့ပါးပါးသာပြန်ဖြေမိလေ၏။

" အင်း ရတာပေါ့ ဒါပေမယ့် သတိတော့ပေးမယ်နော် ကိုယ်ကသင်ပြတဲ့အခါ အရမ်းတင်းကြပ်တတ်တာ... "

" Jun ကိုယ်သင်ပြတာကို ခံနိုင်ရည်ရှိပါ့မလား "

Yixing က စသလိုနောက်သလိုဖြင့် ဂျွန်မြောင်ကို မျက်ခုံးပင့်ပြရင်း ပြောလာသည့်အခါ Junmyeon စာအုပ်ကိုလက်ထဲပိုက်ထားရင်း ရိုးသားစွာ သဘောတူလာလေရဲ့။ ချစ်သူကောင်လေးရဲ့ ရိုးသားကြိုးစားချင်စိတ်အပြည့်ဖြင့် တောင်းဆိုလာသည့်အခါ ကျန်းရိရှင်းမှာ ကိုယ့်မေးကိုယ်ပွတ်သပ်ရင်း မျက်လုံးမှေးကြည့်ကာဖြင့်

" ကောင်းပြီလေ ပြီးမှ နောင်တရပြီး မငိုနဲ့နော် Baby "

ထို့နောက် စာကြည့်စားပွဲရှေ့ နှစ်ယောက်သားထိုင်ကာ Yixing မှာ မိမိရဲ့ဘာသာစကားကို သင်ယူချင်စိတ်အပြည့်ရှိနေသည့် ချစ်သူလေးကို စိတ်ရှည်လက်ရှည်ဖြင့် Pinyin မှစလို့သင်ပြပေးမိတော့သည်။
.
.
.
.
.
.
.
နောက် ၁၀မိနစ်ခန့်ကြာသော်

စာကြည့်ခန်းအတွင်း၌ တရှုံ့ရှုံ့ငိုရှိုက်သံက ထွက်ပေါ်လာပါ၏။

" ဝူး ဝူး ဝူး... "

Zhang Yixing သည်ကား နီရဲနေပါသော မိမိရဲ့မျက်လုံးကို လက်နှစ်ဖက်စလုံးဖြင့် ပွတ်သုတ်ကာ ပါးပြင်ပေါ်ကျလုကျခင်ဖြစ်နေပါသော မျက်ရည်တို့ကို ထွက်ကျမလာအောင် မနည်းထိန်းချုပ်နေရရှာသည်မို့...

MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」RomanceWhere stories live. Discover now