" Lay san ဒီကြက်တောင်ပံလေး မြည်းကြည့်ပါလား "
ထမင်းပန်းကန်လုံးထဲသို့ ရောက်လာသည့် ကြက်တောင်ပံတစ်ခြမ်းဟာ စားချင်စရာကောင်းလှပေမယ့် Yixing သဘောမတွေ့မိပေ။ Junmyeon တစ်ယောက်လုံး သူ့ဘေးနားမှာ ရှိနေတာဖြစ်၍ Yixing အနေဖြင့်တခြားသူတစ်ဦးရဲ့ အလေးပေးမှုကိုခံယူစရာအကြောင်းမရှိပေ။ သို့ပေမယ့် Takahashi ဆိုသည့် အသက် ၂၀ကျော်ကျော်သာရှိသေးသော ထိုကလေးက တလေးတစားဖြင့် အကြီးတစ်ယောက်ကိုဦးချသလို ထည့်ပေးလာတာကြောင့် ငြင်းဆန်ရင် သူ့အတွက်ပိုလွန်းရာကျနေလောက်၏။
" ကိုယ်အသားစားရမှာ သိပ်ခံတွင်းမတွေ့ဘူး "
Yixing ယဉ်ကျေးစွာငြင်းပယ်ဖို့ ကြိုးစားလိုက်ပါသည်။ ထိုကလေးက အလိုက်မသိစွာဖြင့် အထွန့်တက်လိမ့်မည်ဟု သူ တကယ်မထင်ထားခဲ့ပေ။
" Ehh... Lay San အဲ့လိုမျိုး Hiko ကိုစိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့လား... အရင်နေ့တွေကကျ ကျွန်တော်ရွေးပေးတဲ့ဟာ အကုန်လုံးကို အရမ်းကောင်းတယ်ပြောပြီးတော့ "
အမှန်ပင်စိတ်ထိခိုက်သွားပုံရသည့် ထိုကလေးရဲ့အပြုအမူကြောင့် Yixing စိတ်ရှုပ်ထွေးသွားရသည်။ Sehun နှင့် Jong in ဟာဘာမှမမြင်သည့်အတိုင်း ညစာကိုသာအာရုံစိုက်စားနေကြ၏။ Chanyeol ကိုပြောရမယ်ဆိုရင်တော့ ဒီညစာစားပွဲမှာ သူရှိမနေပေ။ အကြောင်းကတော့ Chanyeol ရဲ့ပါပီပေါက်စကလည်း Junmyeon နှင့်အတူလိုက်လာတာကြောင့် နှစ်ယောက်တည်းတသီးတသန့်သာ အတူတူရှိနေဖို့ကိုရွေးချယ်သွားတာကြောင့်ပင်။
" Gomen ကိုယ်စားချင်စိတ်မရှိလို့ "
Yixing အားနာသည့်အကြည့်ဖြင့်သာ ငြင်းဆန်လိုက်ပြီး Junmyeon လက်လှမ်းနေသည့် တိုဟူဟင်းလျာကို အနားသို့ဆွဲယူကာ Junmyeon ပန်းကန်လုံးထဲသို့ ထည့်ပေးရင်း သူ့အတွက်သူပါယူထည့်လိုက်လေ၏။
Takahashi မှာကြက်တောင်ပံကို ကိုယ့်ပန်းကန်လုံးထဲကိုယ်သာ ထည့်လိုက်ပြီး စိတ်အားငယ်စွာ ခေါင်းငုံ့နေလိုက်သည်။ Junmyeon က တူကိုကိုက်ထားရင်းမှ ဂဏန်းဆလတ်သုပ်ပွဲဆီ လက်လှမ်းယူနေသည့် Yixing လက်ကိုပုတ်ထုတ်လိုက်သည်။ Yixing ကြောင်အစွာဖြင့် Junmyeon ကိုကြည့်လိုက်၏။
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanfictionမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...