Part [3] ပွက်ချိတ်ကိုက်တယ် (ပွက္ချိတ်ကိုက်တယ်)

768 96 81
                                    

#Adult Scene

မွှေးပျံ့သည့် ချိုစိမ့်စိမ့်ရနံ့လေးအား ခံစားရင်း Americano တစ်ခွက်အား အရသာခံသောက်လိုက်သည်။

" Kim Junmyeon! "

အော်သံမဟုတ်သော်လည်း သာမန်ထက် ခက်ထန်နေသောအသံ ဖြစ်ခြင်းကြောင့် ကော်ဖီသောက်နေရင်းပင် သီးမလိုဖြစ်သွားရသည်။

" အဟွတ်ဟွတ်... "

" မင်းငါတို့ကို ခုထိဖြေရှင်းချက်မပေးရသေးဘူးနော် "

" ဟုတ်တယ် Hyung ကော်ဖီသောက်တာ ထိုင်ကြည့်ဖို့ ခေါ်လိုက်တာမဟုတ်ဘူးနော် ကျွန်တော်တို့ကို မြန်မြန်ဖြေရှင်းချက်ပေးတော့ "

ရှေ့တည့်တည့်၌ ထိုင်ကာရာဇသံပေးနေသလို အတင်းအကျပ်အမိန့်ဆိုလာသည့် Baekhyun နှင့် Tao ကြောင့်မသိရင် သူကပဲဒုစရိုက်မှု ကျူးလွန်ထားသည့်သူလို ခံစားရသည်။

" အဟမ်း...ပြောပါ့မယ်ကွာ မင်းတို့ကလဲ အမှုစစ်နေတာကျနေတာပဲ "

" Hyung အရင်အင်္ဂါနေ့က ကျွန်တော်တို့ ချိန်းထားတာကို ဘာလို့မလာရတာလဲ? Hyung ကတိမတည်တာပဲ "

" ငါတို့လျှောက်လည်ဖို့ နဂိုထဲက ချိန်းထားပြီးသားကို ငါတို့အလုပ်တွေကိုတောင် ခွင့်ယူထားရတာကွ ခွင့်ယူရတာဘယ်လောက်တောင် ခက်လိုက်သလဲ! "

တရစပ်အပြစ်တင်နေသော Baekhyun ကြောင့် Junmyeon မရှိသည့်နားဖာဂျီးအား ကလောလိုက်မိသည်။

" တော်ပါတော့ Byun Baek ရာသူများကြားရင် မင်းကိုလခစား ဝန်ထမ်းထင်ပြီး သနားနေပါဦးမယ် Studio ဆယ်ခုမကပိုင်နေတဲ့ Professional Artist ကြီးကများ မင်းဟာမင်းအလုပ်ဇောကြီးပြီး မနားမနေအလုပ်လုပ်နေပြီးတော့ ငါ့ကိုအပြစ်လာတင်နေတယ် "

တစ်ယောက်တည်း နာပူနာဆာခံနေရသည်မို့ မကျေမနပ်ဖြင့် ပြန်ပြောလိုက်မှ အဟမ်း လုပ်လာသည့် Puppy ပေါက်အား ခေါင်းခေါက်ချင်စိတ်အား ထိန်းထားရသည်။

" ငါပြောတာကို အရင်နားထောင်ကျစမ်းပါ "

အသံမာမာပြောလိုက်မှ နှစ်ယောက်စလုံး ငြိမ်သွားကာ မကျေနပ်သည့် မျက်နှာထားဖြင့် ကြည့်နေလေသည်။

MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」RomanceWhere stories live. Discover now