( Warning: Read at your own risk / mature ဆန်တဲ့စကားအသုံးအနှုန်းများပါဝင်သည်။ )
" ဧည်သည်တို့မှာ ထားတာတွေရပါပြီ "
Green Tea တခွက်နှင့် Cappuccino တခွက်စီချပေးပြီးနောက်တွင် စားပွဲထိုးလေးက တာဝန်ကျေစွာ ထွက်ခွာသွားလေ၏။
Junmyeon တယောက်သူ့ရဲ့ Green Tea ခွက်ကိုအသာမယူလိုက်ပြီး သင်းပျံ့လာသည့် လက်ဖက်စိမ်းရနံ့နွေးနွေးလေးကို ခံစားနေလိုက်သည်။ အပူလျော့အောင် အနည်းငယ်လေမှုတ်လိုက်ပြီး တငုံလောက်သောက်ကြည့်လိုက်သည်နှင့် သူ့ရဲ့စိတ်တွေအတော်လေး လန်းဆန်းလာခဲ့သည်။
စိတ်တည်ငြိမ်စွာဖြင့် Green Tea နွေးနွေးလေးကို ဇိမ်ခံသောက်နေသည့် သူ့ရဲ့ ပုံစံက တဖက်လူကိုအတော်လေးစိတ်မရှည်ဖြစ်စေပေ၏။ အနက်ရောင်လည်ပင်းပြည့် ဆွယ်တာလက်ရှည်ကို ဝတ်ဆင်ထားသည့် Junmyeon က စစတွေ့တွေ့ချင်းနေ့ကထက် ပိုလို့ပင်ရင့်ကျက်ကာ တည်ငြိမ်ပုံပေါ်နေ၏။
" Jun ni chan.. " Akihiko မှာစိတ်ရှည်သင့်သလောက် စိတ်ရှည်ခဲ့ပြီးပြီဖြစ်တာကြောင့် ထပ်၍အချိန်ဆွဲမနေချင်တော့ပေ။
" ဘာများကိစ္စရှိလို့လဲ ဆိုတာသိပါရစေ "
သူဆေးရုံမှဆင်းပြီးပြီးချင်း Junmyeon နှင့်တည့်ဆုံရမည်ဟု Akihiko မထင်ထားခဲ့ပေ။ တွေ့တွေ့ချင်း သူ့အနေနဲ့ စိတ်ကိုတဆုံးထိတင်ကာ ပြင်ဆင်ထားခဲ့ပေမယ့် တဖက်လူပြောလာသည်က ' တစ်ခုခုသွားသောက်ကြမလား ' ဆိုသည့်စကားသာ။
အချစ်ပြိုင်ဖက်က စကားပြောဖို့ခေါ်ကတည်းက ကျိန်းသေပေါက်ကို သတိထားဆက်ဆံရမည့်အနေအထားမှန်း သူ သိသည်။ သို့ပေမယ့် တချိန်လုံး Junmyeon ကတည်ငြိမ်ပြီး သူ့အပေါ်လည်း ပြေပြေလည်လည်သာဆက်ဆံနေတာကြောင့် Akihiko စိတ်ရှုပ်လာသည်။
" Hiko san က ပန်းပုပညာရှင်လို့ သိထားတယ် "
Akihiko တစ်ယောက် အခုမှစကားလမ်းကြောင်းစလာသည့် လူကိုကြည့်ပြီး တွေဝေစွာတုန့်ပြန်လိုက်ပါ၏။
" Hai... ပညာရှင်အဆင့်အထိ ကတော့ ကျွန်တော်က အများကြီးလိုအပ်ပါသေးတယ် ပန်းပုအနုပညာ ကိုစိတ်ဝင်စားတဲ့ လူအနည်းစုကိုလောက်ပဲ သင်တန်းပြန်ပို့ချပေးရုံပါ "
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanficမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...