#Adult Scene
.
.
.
မနက်ခင်း၏ အငွေ့အသက်အား ရသော်လည်း Junmyeon လန်းဆန်းမှုမရှိပေ။ ည၉ နာရီကနေ မနက်၃နာရီလောက်အထိ သောင်းကျန်းထားသည်ကြောင့် ကိုယ်ကလှုပ်ချင်လျှင်တောင် လှုပ်၍မရ နည်းနည်းလေး ရွေ့ဖို့ကြိုးစားသည်နှင့် နာကျင်လို့နေသည်။အချိန်အားဖြင့် မနက်၉နာရီခွဲနေပြီ ဖြစ်သည်သော်လည်း ခန္ဓာကိုယ် ပင်ပန်းမှုကြောင့် မထချင်သေး၊ တစ်ကိုယ်လုံး ပေရေနေသောကြောင့် ရေချိုးချင်နေပြီဖြစ်သည်။
" Xing... "
" နိုးလာပြီလား အိပ်ပုတ်လေး "
** ဘာကိုအိပ်ပုတ်လဲ မထနိုင်အောင် လုပ်ထားတာ ဘယ်သူလဲ!! **
ရန်တွေ့ချင်သော်လည်း ပင်ပန်းကာအိပ်ချင်နေသည်ကြောင့် အသံထွက်အောင်မနည်း ညစ်ထုတ်နေရသည်။ စူပုတ်လာသည့် Junmyeon မျက်နှာအားမြင်သည်နှင့် Yixing သဘောတကျ ပြုံးသည်။
မွေ့ယာပေါ်ရှိ စောင်ပုံကြားမှမြုပ်နေသော Junmyeon ကိုယ်လေးအားပွေ့ချီကာ ရေချိုးခန်းအတွင်းသို့ ချီကာသယ်ဆောင်သွားလေသည်။
ရေနွေးစပ်ပြီးသား အဆင့်သင့်ပြင်ထားသည့် Bathtub ထဲ၌ချပေးလိုက်သည်။Yixing ကိုယ်တိုင်လည်း Bathtub ထဲသို့ဝင်စိမ်လိုက်ကာ Junmyeon ကိုယ်အားအပေါ်သို့ တင်ကာရင်ခွင်ထဲ၌ ထည့်ရင်းရေချိုးပေးသည်။
" Imm...ဟင်းးး... အင်း.. "
ကန်ထဲရှိရေနွေးများအား Junmyeon ကိုယ်ပေါ်သို့ လက်ဖြင့်ခပ်ကာ လောင်းချပေးသည်။ Junmyeon ကိုယ်အပေါ်ပိုင်းအား လက်ဖြင့်ပွတ်တိုက်ပေးရင်း Yixing အမှတ်အသားများနှင့် ပြည့်နှက်နေသော အနောက်ဘက်မှ ဂုတ်ပိုးနှင့် ပခုံးသားများအား တဖွဖွနမ်းနေပြန်သည်။
" Xinggg... "
" အင်းပါ ကိုယ်ဘာမှ မလုပ်ပါဘူး "
ဆပ်ပြာတိုက်ရင်းမှ အောက်ပိုင်းသို့ နယ်ကျွံလာသည်မို့ Junmyeon လက်များဖြင့် တားရသေးသည်။ တစ်ညလုံး သောင်းကျန်းထားတာတောင် ထပ်ဆိုးချင်သေးသည့် Yixing အားလက်လန်ရသည်။
ဘာမှမလုပ်ဘူးပြောသော်လည်း အငြိမ်မနေနိုင်သည့် Yixing လက်များမှာ Junmyeon ကိုယ်အနှံ့လျှောက်သွားကာ ပွတ်သပ်လို့နေသည်။ Junmyeon အသံထွက်ညည်းမိလျှင် အသည်းယားသည်ဆိုကာ လက်မောင်း ပခုံးနှင့် လည်တိုင်များထံသို့ အနမ်းမိုးတွေ ကြဲလာပြန်သည်။
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanfictionမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...