" ကိုယ်တို့လမ်းခွဲကြရအောင် "အေးစက်စက်အမူအရာနှင့် သူစိမ်းဆန်စွာ ဆိုလာသည့် Hyung ကြောင့် အသိစိတ်တွေ လွတ်သွားသလို ခံစားလိုက်ရသည်။
" ဘယ်တော့မှ ထပ်မတွေ့ဘဲ နေရအောင် ကိုယ့်လမ်းကိုယ်လျှောက်ပြီး ဒီနေရာမှာတင် ကိုယ်တို့ဇာတ်လမ်းကို အဆုံးသတ်ကြတာပေါ့ "
** အဆုံးသတ်မယ်? **
" တကယ်တော့ ကိုယ်ကမင်းဘဝမှာ မတွေ့ခဲ့သင့်တဲ့လူတစ်ယောက်ပါ အမှိုက်သာသာလူဖြစ်တာမို့လို့ အချိန်မရွေးစွန့်ပစ်နိုင်ပါတယ် "
" Hyung... "
" အဖိုးတန်လွန်းတဲ့ မင်းဘဝကို အပျက်စီးမခံချင်ရင် ကိုယ့်ကိုစွန့်လွှတ်လိုက်ပါတော့ "
ပြောပြီးချင်း လှည့်ထွက်သွားတော့မည့် ကျောပြင်ငယ်အား မတွေ့ရခင် နူးညံ့လွန်းသည့် Hyung ရဲ့လက်ကို မြဲမြဲဆုပ်ကိုင်ထားလိုက်သည်။
" မထားခဲ့ပါနဲ့ Hyung... ကျွန်တော့်အတွက် အဖိုးတန်ဆုံးသူမို့လို့ Hyung ကိုကျွန်တော်ဘယ်တော့မှစွန့်လွှတ်မှာမဟုတ်... "
" ဘယ်တော့လဲ? "
ပြတ်သားလွန်းသည့် လေသံကြောင့် ကျွန်တော့်အတွေးနဲ့ စကားတွေရပ်တန့်သွားမိသည်။ ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်လာတဲ့ တောက်ပတဲ့မျက်ဝန်းတစ်စုံဟာ ကြောက်ဖို့ကောင်းလွန်းနေသည်။
" အခုတော့မဟုတ်သေးပေမယ့် နောက်ထပ်ဘယ်နှခါလောက် ငါ့ကိုအသုံးကျပြီးမှ အလွတ်ပေးမှာလဲ? အခုထိတော့ တန်ဖိုးကြီးသယောင်ဖြစ်နေပေမယ့် နောက်ကျရင် အမှိုက်က အမှိုက်လိုပဲသတ်မှတ်ခံရမှာပဲ မဟုတ်လား "
** Hyung **
ရင့်သီးလွန်းတဲ့ စကားတွေကြောင့် အံ့သြစွာဖြင့် ကျွန်တော် Hyung ကိုကြည့်နေမိသည်။
ဆစ်ကနဲနာကျင်နေသော နှလုံးသားမှ အသိကိုခံစားရစဉ် ကျွန်တော့်လက်အား ကြမ်းတမ်းစွာ ဖြုတ်ချသွားသည့် Hyung လက်တွေကို ကျွန်တော်မဖမ်းဆုပ်နိုင်ခဲ့ဘူး။
ပြိုလဲကျမတတ်ဖြစ်နေတဲ့ ကောင်လေးရဲ့ပုံစံကိုလှည့်မကြည့်မိအောင် တတ်နိုင်သမျှစိတ်ထိန်းရင်း ရှေ့သို့သာဆက်လျှောက်လာခဲ့သည်။
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanfictionမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...