Part [21] Sorry, I LOVE You

186 32 44
                                    

“ နေ့တိုင်းမင်းအတွက် မီဆိုဟင်းရည် လုပ်ပေးပါရစေ Jun~ ”

ထိုကဲ့သို့အဓိပ္ပါယ်ရသော ဂျပန်စကားလုံးများကို ပီသစွာပြောလာသည့် Yixing ရဲ့အသံကချိုမြိန်လွန်းကာ ဆွဲဆောင်မှုရှိ နေကြောင်းကို သူအပါအဝင် ဘေးလူတွေအားလုံးလည်း ရှင်းရှင်းလင်းလင်းကြားလိုက်ရပါ၏။

Café ဆိုင်အတွင်းထဲမှ လူများမှာလည်း ထိုင်ရာကထလာကြသလို လမ်းပေါ်မှ ဖြတ်သွားဖြတ်လာတွေမှာလည်း Yixing ရဲ့ချစ်ခြင်းအငွေ့အသက်တွေ ပျံ့နှံ့နေသောအခြေအနေမှာ စပ်စပ်စုစုဖြင့် ဝိုင်းအုံပြီးလူစုလိုက်ကြတာများ မသိရင်လူမြင်ကွင်းမှာ လက်ထပ်ခွင့်တောင်းနေပုံကို မတွေ့ကြုံဖူးသည့်အတိုင်းပင်။

မီဆိုဟင်းရည်နေ့တိုင်း ချက်ပေးမယ်ဆိုတာ ဂျပန်လူမျိုးတွေရဲ့ ရိုမန်တစ်အဆန်ဆုံးနဲ့ အရိုးသားဆုံး လက်ထပ်ခွင့်တောင်းမှုကြီးဆိုတာ Yixing တကယ်ပဲ သိနေတာလား?

သူ သိနေတယ်ဆိုရင် ဘာလို့ Junmyeon ကို လာလက်ထပ်ခွင့်တောင်းနေတာလဲ?

နှစ်ကူးတုန်းက ပါးပါးကိုပေးထားတဲ့ ကတိကိုမမှတ်မိတော့တာလား? သူ တကယ်ပဲ Junmyeon ရဲ့ယောက္ခထီးကို မကြောက်ရင်တောင် အနည်းဆုံးတော့ အကြီးအကဲတွေရဲ့စကားကို အရေးလုပ်ဦးမှပေါ့!!

Junmyeon ရုတ်တရက် သတိပြန်ဝင်သွားပါ၏။

ဟုတ်သားပဲ၊ သူ့ရဲ့ Xing ကဘယ်တုန်းက ပြောစကားအမြဲနားထောင်တတ်လို့လဲ? အရင်ဆုံး သူ လုပ်ချင်တာပဲ သူ အရင်လုပ်ပစ်တာကြီးပဲကို။ နောက်မှဘယ်လောက် တောင်းပန်ရ တောင်းပန်ရ ဂရုစိုက်တာမှမဟုတ်ဘဲ

Junmyeon တစ်ယောက်အတွေးမြစ်ထဲနစ်နေပေမယ့် Yixing ဟာသူ့ရင်ဘတ်ကိုကာထားသည့် လက်ကို Junmyeon အရှေ့မှာပဲ ထုတ်ပြလာခဲ့ပါသည်။

Junmyeon မှာထိုအရာကို မြင်ပြီးပိုလို့ပင် ဖိအားများကိုခံစားလာရပါတော့သည်။

Yixing လက်ထဲမှ နေရောင်ခြည်ပမာ တလက်လက်တောက်ပနေသော စိန်ပွင့်နှင့်ရွှေရောင် လက်ထပ်လက်စွပ်ကလေးက Junmyeon ရဲ့လက်ခံမှုကိုစောင့်စားနေသည့်အလား....

Zhang Yixing မင်း.... အမြဲတမ်း အဲ့လိုပဲ!!

ကြည့်ရှုသူပုရိတ်သတ်များမှာတော့ ဝိုးကနဲ ဝါးကနဲ ဖြစ်ကုန်ကြပြီး အားလုံးက မျက်နှာအတည်မပြတ်သည့် Junmyeon ကို အမြန်လက်ခံလိုက်ဖို့ချည်းပဲ ဝိုင်းပြောလာကြပါသည်။

MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」RomanceWhere stories live. Discover now