Zawgyi
" Boo!!! "
တံခါးပွင့်ပွင့်ချင်း တစ်ဖက်လူကြောက်လန့်သွားစေရန် အော်ဟစ်လိုက်သော်ငြား တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသောကြောင့် မျက်လုံးတစ်ဖက်၌အုပ်ထားသော အဝတ်စအား Jongin လှန်ကြည့်လိုက်မိသည်။
" အဟမ်း! "
အရှေ့တည့်တည့်ကိုသာ ကြည့်နေမိပေမယ့် လူတစ်ယောက်တစ်လေမှမတွေ့ရ၊ ချောင်းဟန့်သံကြားမှ ခေါင်းငုံ့ကြည့်မိပြီး အားနာနာဖြင့် ပြုံးဖြီးပြလိုက်သည်။
" Aww...Jun...Myeon "
သာမန်အဝတ်အစားကိုမှ အပေါ်မှဆွယ်တာလက်ရှည်တစ်ထည် ထပ်ဝတ်ထားရုံမှတပါး မျက်နှာ၌လည်းလိမ်းခြယ်ထားခြင်းမရှိသည့် Junmyeon မှာပကတိရုပ်တည်တည်ဖြင့်ရပ်နေသည်။
" တစ်ယောက်ထဲလား? ဟိုကောင်ရော Zhang... "
" သေပြီ "
သူ့အားဝင်တိုက်ကာ အထဲသို့ဝင်သွားသော Junmyeon ပုံစံမှာချိန်ကိုက်ဗုံးတစ်ခုလို ဖြစ်လို့နေသည်။ Yixing ကိုလည်းမတွေ့ရသောကြောင့် သူတို့နှစ်ယောက် တစ်ခုခုဖြစ်လာသည်က ကျိန်းသေသည်။
သာမန်ရက်တွေဆို တစ်ယောက်နဲ့တစ်ယောက် ကော်ကပ်သလိုမခွာတမ်း တစ်တီတူးနေကြပြီး အခုလိုပျော်ပွဲရွှင်ပွဲနေ့ကြမှ ဘာတွေထဖြစ်ကြမှန်းမသိသဖြင့် Jongin ခေါင်းတခါခါဖြင့်သာ တံခါးပြန်ပိတ်လိုက်သည်။
ဆိုဖာထိုင်ခုံပေါ် ဆောင့်အောင့်ကာထိုင်ချလာသော Junmyeon ကြောင့် ဘေး၌ထိုင်နေသော Minseok မှမနေနိုင်တော့ဘဲ မေးခွန်းထုတ်သည်။
" မင်းဘာဖြစ်လာတာလဲ ပြီးတော့ ဘာမှလဲမပြင်မဆင်နဲ့ ဒီအတိုင်းထွက်လာတယ် "
" ဟွန့်.... "
" ဘာတွေဒီလောက် စိတ်ပျက်နေတာလဲ "
သကြားလုံးနှင့် မုန့်ဗန်းကိုယူလာရင်း Kyungsoo ကမေးလာသည်။ Peterpan ဝတ်စုံဝတ်ထားသည့် Baekhyun ကလည်း စပ်စပ်စုစုနှင့် Junmyeon အနားသို့ရောက်လာသည်။
" မင်းနဲ့ Yixing ရန်ဖြစ်ထားကြတာလား "
" ရန်ဖြစ်စရာလား ငါမှမမှားတဲ့ဟာကို "
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanfictionမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...