*A/N: Part 9, 10, 12 ၏အဆက်ဖြစ်သည်။*
မနက်၅နာရီဝန်းကျင်၊ ဂျပန်နိုင်ငံ၌...။
'' ရောက်ပြီလား ''
'ကလုန်' ဟူသောမြည်သံနှင့်အတူ စာတစ်စောင်ဝင်လာသည်။'' အင်း ကိုယ်တို့ရောက်ပြီ ''
၅ စက္ကန့်အတွင်း ပြန်စာရိုက်ပို့လိုက်သည်။"သေချာနားဦးနော် ကောင်းကောင်းပျော်ခဲ့ "
စက္ကန့်ပိုင်းအတွင်းတစ်ဖက်ကလည်း စာပြန်လာ၏။" အင်း စိတ်မပူနဲ့ ကိုယ်ကောင်းကောင်းနေပါတယ် "
ဖုန်းမျက်နှာပြင်ပေါ် လှုပ်ရှားနေသော လက်တို့ကမြန်ဆန်လွန်းသည်။ ပြန်စာက စက္ကန့်ပင်မခြားလိုက်သည့်နှယ် တဖက်သို့ပို့နှင့်ပြီးနေပြီ။
.
.
.
.နေ့လယ် ၁၁နာရီ၊ ဂျပန်နိုင်ငံ၌...
ကလုန် ဟူသော် message အသံဟာ တဖန်မြည်လာပြန်သည်။
" Jongin တို့ရောအတူရှိရဲ့လား သူတို့ဟာသူတို့လျှောက်သွားမနေကြပါဘူးနော် "၁မိနစ်အကြာတွင် ပြန်စာပို့လိုက်သည်။ အင်မတန် မအားလပ်သည့်ကြား၌ အကြောင်းပြန်စာပို့ရသည့်နှယ်ပင်။
" ဒါပေါ့ ကိုယ်တို့အတူတူရှိနေတာ "တဖက်ရှိ message မှာ စက္ကန့်အနည်းငယ်ကြာအောင် စောင့်ပြီးမှ ထပ်ပို့လိုက်ပုံရ၏။
" Xing နေ့လယ်စာစားပြီးပြီလား
ဘာတွေလုပ်သေးလဲ "၂မိနစ်အကြာမှ စာပြန်ခဲ့သည်။
" ကိုယ်တို့အဆင်ပြေပါတယ် ကောင်းကောင်းစားတယ် "
.
.
.နေ့လယ် ၁၂နာရီဝန်းကျင်၊ ဂျပန်၌....
" Xing... "
မိနစ်ပိုင်းအတွင်း စာပြန်ဖြစ်သည်။ သို့ပေမယ့် စာကိုလက်ခံရရှိကြောင်းသက်သေပြသည့်အနေနှင့် emoji တစ်ခုပို့လိုက်သည့်သဘောရယ်သာ။
" (◕ᴥ◕)"ထိုအခါ တဖက်မှ ပြန်စာရှည်ကြီးကို မျှော်လင့်ထားသည့်အတိုင်းရရှိခဲ့ပါ၏။
" ပျော်ပျော်နေနော် သိလား သိပ်ပြီးဘာမှမတွေးနဲ့ ငါဒီနေ့အပြင်မှာ gym center မှာလူလိုလို့သွားကြည့်ပေးရသေးတယ်။ ညစာကိုလည်းအဖွဲ့တွေနဲ့ပဲစားခဲ့တယ်၊ အပြင်မှာထွက်စားကြတာ လူအများကြီးနဲ့မလို့ စိတ်မပူပါနဲ့ ငါစောစောတော့ပြန်နိုင်မှာမဟုတ်ဘူး၊ Xing လဲသေချာလျှောက်လည်နော် "
YOU ARE READING
MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」Romance
Fanfictionမင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ မင်းကြောင့်သာ ကိုယ် ဆိုတာ ဖြစ်တည်လာပြီး ကိုယ့်ရဲ့အရာအားလုံးက မင်း ကနေပဲ အစပြုခဲ့တာပါ Started from 14th April 2020 1001 XINGHO Fanfiction ⓶Xingho, Junxing, Sulay Fa...