Part [7] ကိုယ့်ရဲ့ကံကောင်းခြင်းလေး(ကိုယ့်ရဲ့ကံကောင်းခြင်းလေး)

627 75 35
                                    

Junmyeon အလုပ်အားလပ်ရက် ဖြစ်သောကြောင့် အိမ်၌သာအနားယူဖြစ်သည်။ ဘယ်ကိုမှမသွားချင်သလို ဘာကိုမှလည်းလုပ်ချင်ကိုင်ချင်စိတ် မရှိ ဧည့်ခန်းဆိုဖာပေါ် ပျင်းရိပျင်းတွဲထိုင်နေမိသည်။

" ဟူး...ပျင်းစရာ "

ဆိုဖာလက်ရံပေါ် လက်ထောက်မေးတင်ကာ ခြေချိတ်ထိုင်းရင်း Netflix မှလာနေသော အစီစဉ်များအား တစ်ခုပြီးတစ်ခုပြောင်းကြည့်နေသည်။

ကြည့်နေကျ ရုပ်ရှင်ဇာတ်လမ်းတွဲကိုပင် စိတ်မပါတော့သလိုပင်၊ ကမ္ဘာမြေကြီးဆွဲအားတွေက ဒီနေ့ကျမှ ပိုများနေသလို ပျင်းရိလေးလံနေသည်။

သူ့မျက်လုံးထံ၌ ဘာကမျှစိတ်ဝင်စားမှုမရှိ ဘာအတွေးမှလဲမရှိ ငေးငေးငိုင်ငိုင်ဖြစ်နေသည်။ စိတ်မပါတော့သည့် Netflix ကိုပိတ်ပြီး ဖုန်းကိုင်ပြန်တော့လည်း Lock screen ကိုပိတ်လိုက် ဖွင့်လိုက်နှင့် Game ဆော့ဖို့ကျပြန်တော့လည်း စိတ်မပါပြန်ဘူး။

ဖုန်းပွတ်နေလည်း အဆင်မပြေတာမို့လို့ Camera ဖွင့်ပြီး selca ရိုက်ဖို့ပြင်လိုက်သည်။ Camera ကိုကိုယ့်ဘက်လှည့်ပြီး ပြုံးရုံသာပြုံးပြီး ရိုက်လိုက်သည်။

" အင်း။ ကြည့်ကောင်းသားပဲ "

နည်းနည်းစိတ်ပါသလို ဖြစ်လာတော့ ပုံမှန်လက်နှစ်ချောင်းထောင်တဲ့ ပိုစ့်ကစလို့ ပိုစ့်မျိုးစုံထုတ်ပြီး အမျိုးမျိုးပြောင်းရိုက်ကြည့်သည်။

Sticker တွေပြောင်းပြီး အမျိုးမျိုးရိုက်ထားသည့် ကိုယ့်ရဲ့ Selfie တွေကိုကျေနပ်စွာ ကြည့်နေမိတော့ နည်းနည်းအပျင်းပြေသွားသလိုပင်။

တဝူးဝူးအသံကြားလို့ လှည့်ကြည့်လိုက်သည့်အခါ ဖုန်စုပ်စက်ကြီးကိုင်ပြီး သန့်ရှင်းရေးလုပ်နေသူကို တွေ့လိုက်ရသည်။

ထိုသူကတော့ ပျင်းရိပျင်းတွဲ ရှိလှသည့် Junmyeon နှင့်ဆန့်ကျင်စွာ ဝီရိယရှိရှိ မနက်ကတည်းက မနားတမ်းအလုပ်လုပ်နေခဲ့သည်။

ညတုန်းကလည်း ရုံးအလုပ်တွေအပြီးသတ်ပြီး နောက်ကျမှ အိပ်ရာဝင်သည့်တိုင်အောင် မနက်ကျလည်းစောစောထပြီး မနက်စာပြင်ပေးသည့်ထိုလူက ကျိန်းသေပင် လက်ရှိသူ့အနေအထားနှင့် ဆန့်ကျင်ဘက်။

MADE IN YOU「𝙓𝙄𝙉𝙂𝙃𝙊」RomanceWhere stories live. Discover now