" တံခါးက အထဲက လော့ချ်ထားတာ "
ပိတ်ထားတဲ့ ရေချိုးခန်းတံခါးရဲ့ အပြင်ဘက်မှာ စကားသံတချို့ရှိနေတယ်။ ပြောနေတဲ့ အကြောင်းအရာကို တံခါးကို ဖွင့်ဖို့သာ ဖြစ်တယ်။
ခဏအကြာမှာ သေနတ်သံတစ်ချက်ထွက်ပေါ်လာတယ်။ပွင့်သွားပြီဖြစ်တဲ့ တံခါးကြောင့် အခန်းထဲဝင်လာတဲ့ လူတွေက ရဲဝတ်စုံအပြည့်ဝတ်ထားတဲ့ မျက်နှာဖြူလူမျိုးတွေ ဖြစ်တယ်။
" အို...ဘုရားသခင် "
ဝင်ဝင်ချင်းပဲ သူတို့ နှာခေါင်းရှုံ့မိကြတယ်။ ဒီရေချိုးခန်းထဲက အနံ့အသက်က အတော်မှဆိုးရွားတယ်။အခန်းထောင့်မှာရှိနေတဲ့ bathtub ထဲက ပုံရိပ်တစ်ခုက အဆိုးရွားဆုံးဖြစ်တယ်။
" suicide လုပ်သွားတာပဲ... "
ကြမ်းပြင်ပေါ်ကျနေတဲ့ ဓားဆီမှာ သွေးတွေက ခြောက်သွေ့နေပြီဖြစ်တယ်။ စစ်ဆေးနေတဲ့ ရဲတွေက အခန်းအနှံ့လျှောက်ကြည့်ပြီး အိမ်ရဲ့ အခြားနေရာတွေကိုပါ စစ်ဆေးဖို့ သူတို့ထဲက ခေါင်းဆောင်အရာရှိက ပြောလာတယ်။
" မှုခင်းအဖွဲ့က လာနေပြီလို့ ပြောတယ် "
" အင်း.. "
" သေဆုံးသူရဲ့ ရာဇဝင်ကကော "
လက်ထဲက မှတ်စုစာအုပ်ကို ဖွင့်ပြီး မှတ်ထားတာပြန်ရှာနေတဲ့ ရဲဝန်ထမ်းကို ခေါင်းဆောင်က စိတ်မရှည်သလိုကြည့်ပြီး bathtub ထဲ ဖြူစွတ်နေတဲ့ ခန္ဓာကိုယ်နဲ့ လက်ကောက်ဝတ်မှာ ဓားရာတွေရှိနေတဲ့ ကောင်လေးကို သူတစ်ချက် လှမ်းကြည့်တယ်။
" စိတ်ကစဥ့်ကလျားရောဂါနဲ့ ကုသမှုခံယူခဲ့တာ လွန်ခဲ့တဲ့ တစ်လလောက်တည်းက... "
" အသက် ၂၃... နာမည်က ရိပေါ် ဝမ် " ။
The End