" ကျေးဇူးတင်ပါတယ် "
ယူနီဖောင်းဆင်တူတွေဝတ်ထားတဲ့ ပစ္စည်းပြောင်းရွှေ့ရေး ကုမ္ပဏီက ဝန်ထမ်းတွေကို ကျသင့်ငွေပေးရင်း ရိပေါ် ကျေးဇူးတင်စကားပြောလိုက်တယ်။
မောင်းထွက်သွားတဲ့ ပစ္စည်းတင်ကားကို ကြည့်ရင်း ရိပေါ် ခြံထဲကိုထွက်လာခဲ့တယ်။ ရိပေါ် လျှောက်လာတဲ့ ခြံဝန်းထဲမှာ သေနေတဲ့အပင်တချို့ရှိတယ်။ အပင်အကိုင်းတွေပေါ် နားနေတဲ့ ဌက်တွေက ရိပေါ်ရောက်လာတော့ ပျံဝဲထွက်သွားတယ်။
ဒီနေ့ရဲ့ ရာသီဥတုက အနည်းငယ်အုံ့မှိုင်းနေတယ်။ ရိပေါ်က တိမ်တွေကိုမော့ကြည့်ရင်း လတ်လတ်ဆတ်ဆတ်လေထုကို တစ်ဝရှူရှိုက်ပစ်လိုက်တယ်။ လူသူ သိပ်မရှိတဲ့ ဆိတ်ငြိမ်ရပ်ဝန်းဖြစ်တာမို့ ရိပေါ်သဘောကျတယ်။
မနေ့ကအထိ နေထိုင်ခဲ့တဲ့ ဖီအ်လဒယ်ဖီးယား ( Philadelphia) မြို့ပြနဲ့ ယှဉ်ရင် New Hope ဆိုတဲ့ ဒီမြို့ငယ်လေးက ပိုလို့ သာယာတယ်။
လူတွေ ကားတွေနဲ့ ရှုပ်နေတတ်တဲ့ မြို့ပြကနေ ဒီလိုမြို့ငယ်လေးဆီ ပြောင်းလာခဲ့ရတာက ရှောင်ကျန့်ကြောင့်လို့ ပြောရမယ်။
ရှောင်ကျန့်ဆိုတာ ရိပေါ် ပြီးခဲ့နှစ်ကမှ စတွဲခဲ့တဲ့ ချစ်သူဖြစ်တယ်။ ယောကျ်ားလေးချင်းချစ်သူဖြစ်ကြပေမယ့် ဒီလို အနောက်နိုင်ငံဖြစ်တဲ့ ပန်ဆာလ်ဗီးနီးယား ( Pennsylvania) မှာတော့ ဘာပြဿနာရှိမနေခဲ့။
ရှောင်ကျန့်က ပစ်ဆ်ဘတ် ( Pittsburgh) ဆိုတဲ့ မြို့က နာမည်ကြီးဂျာနယ်တိုက်တစ်ခုရဲ့ ပင်တိုင် ဆောင်းပါးဆရာတစ်ယောက်ဖြစ်ပြီး ရိပေါ်ကတော့ New Town ဆိုတဲ့ မြို့ရဲ့ ကောလိပ်တစ်ခုက နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်တယ်။
ပန်ဆာလ်ဗီးနီးယားမြို့ရဲ့ တက္ကသိုလ်တွေထဲ လူစိတ်ဝင်စားမှုအနည်းဆုံးဖြစ်နေတဲ့ ကွန်ပျူတာသိပ္ပံမေဂျာကို အထူးပြုယူထားတဲ့ ရိပေါ်က ကျောင်းပြီးသွားတဲ့အခါ အကသင်တန်းကျောင်းတစ်ခုမှာ အကဆရာတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ စဉ်းစားထားတယ်။နောက်ပြီး မတတ်ကျွမ်းသေးတဲ့ တချို့သော စကိတ်စီးနည်းတွေကို လေ့လာမယ်။