ည ၈ နာရီခွဲကို ကျော်လွန်နေပြီဖြစ်တယ်။
မြို့အသစ် အိမ်အသစ်က ရိပေါ်ရဲ့ကျောင်းပိတ်ရက်က အတော်မှာ ခြောက်ကပ်ကပ်နိုင်တယ်။ ထမင်းစားခန်းရဲ့ စားပွဲတစ်ခုမှာထိုင်ရင်း မှာထားတဲ့ ပီဇာဘူးထဲ ကိုင်ထားတဲ့ ကိုက်ပြီးသား ပီဇာစိတ်ကို ပြန်ချရင်း လက်ထဲက ဖုန်းကိုသာ ရိပေါ်ကြည့်နေတယ်။
" Shitt .. လိုင်းလဲမကောင်းဘူး "
ဆဲရေးလိုက်တဲ့ ရိပေါ်ရဲ့အသံနောက်မှာ ကျင်းကော်ရဲ့ ညှောင်ဆိုတဲ့ အသံပိစိလေးက ကပ်လျက်။
စားပွဲရဲ့မလှမ်းမကန်းကြမ်းပြင်မှာ သူကျွေးထားတဲ့ ကြောင်စာကို စားနေတဲ့ ကျင်းကော်ကို ရိပေါ်ကြည့်ပြီး ရေးရေးလေးပြုံးတယ်။
" မင်းကကော ဘာကိုဆဲတာလဲ .. "
" ဟေ့ကောင် ..ကုန်အောင်စားသွား မင်းကိုကျွေးထားတဲ့ကြောင်စာက ဈေးကြီးတယ် "
အစာခွက်ထဲက ကြောင်စာတွေကို ကုန်အောင်မစားဘဲ လှုပ်စိလှုပ်စိနှင့်ထွက်သွားတဲ့ ကျင်းကော်က ရိပေါ် လှမ်းအော်ပြောပေမယ့် နည်းနည်းလေးတောင် လှည့်ကြည့်မလာ။
တကယ်တော့ ကျင်းကော်က အမလေးဖြစ်ပေမယ့် ရိပေါ်ကတော့ ဟေ့ကောင်လို့ခေါ်ရတာကို နှုတ်ကျိုးခဲ့တာကြာပြီ။ကိစ္စမရှိပါဘူး။ကျင်းကော်က ရိပေါ်သူ့ကို ဘယ်လိုခေါ်ခေါ် အဖတ်မလုပ်သလို လှည့်လဲမကြည့်ပါဘူး ...။
" မင်းရဲ့ အဖေလိုပဲ ငါ့ဆို ဂရုမစိုက်ဘူး "
ရှောင်ကျန့်ပို့လာတဲ့ နောက်ကျမယ် ဆိုတဲ့စာကို မြင်တော့ ရိပေါ် သက်ပြင်းတစ်ချက်ချရင်း ထိုင်ခုံနောက်ကို မှီချပစ်လိုက်တယ်။
ဆက်စားချင်စိတ်မရှိတာကြောင့် ပီဇာဘူးကို ပြန်ပိတ်ရင်း အပေါ်ထပ်က အိပ်ခန်းဆီတတ်လာခဲ့တဲ့ ရိပေါ်က ရေချိုူးပြီး အိပ်ရာဝင်ဖို့တွေးနေတယ်။
စိတ်ကူးအတိုင်း ရေချိုးပြီးထွက်လာတဲ့ ရိပေါ်ရဲ့ နှာခေါင်းထိပ်ဟာ နီရဲရဲ။မထင်မှတ်ထားတာတွေ ဖြစ်တတ်တာကို ဘဝလို့ခေါ်တယ်မလား။ ရေနွေးနဲ့ချိုးဖို့တွေးထားပေမယ့် အေးစက်စက်ရေတွေနဲ့ ရေချိုးခဲ့ရတဲ့ ရိပေါ်က လက်တွေ့မှာ နှာတွေပါ ချေနေပြီ။