Chapter 13 ( Unicode )

4K 482 10
                                    

" ရှန်... "

ရိပေါ်ရပ်နေတဲ့ နားဆီ ခပ်ဖြေးဖြေးလျှောက်လာတဲ့ ရှန်က ရိပေါ်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတယ်။ ရိပေါ် မြင်နေရတဲ့ မျက်ဝန်းနက်တွေက သာမန်ထက် ပိုနက်တယ်။ ခြေတစ်လှမ်းနောက်ဆုတ်အမိမှာ အနောက်က လှေကားတန်းဘောင်နဲ့ သူ့ရဲ့ ခါးတွေ ထိမိတယ်။

" အိပ်မက်ဆိုးတွေ မက်နေတာလား ရိပေါ်...
ကောလေ ရိပေါ်ရဲ့ "

အေးစက်နေတဲ့ ရှန့်ရဲ့ လက်ဖဝါးတစ်ဖက်က ရိပေါ်ရဲ့ ပါးပြင်ပေါ် ခပ်ဖွဖွထိတွေ့လာတယ်။ လက်ရှိမှာ ရီန့်ရဲ့ ပုံစံက အတော်မှ ထိတ်လန့်စရာ ကောင်းတယ်။

" ရှန်... ကျွန်တော့ကောရော "

ရိပေါ်ရဲ့ မျက်လွှာတွေပေါ် အရည်ကြည်တစ်ချို့ ဝေ့ဝဲနေတယ်။ ရှန်ကတော့ ရိပေါ့်ရဲ့ပါးပေါ်က လက်ကို မဖယ်သေး။ ခပ်ဟိုက်ဟိုက်ရယ်လိုက်တဲ့ ရှန့်အသံက ခြောက်ကပ်ကပ်။

" ကိုယ်က ရှောင်ကျန့်လို့ ကိုယ်ပြောနေတယ်လေ "

" မဟုတ်ဘူး ခင်ဗျားက ကော မဟုတ်ဘူး "

ပါးပြင်ပေါ်က အေးစက်နေတဲ့ လက်တစ်ဖက်က ရိပေါ်ရဲ့ လည်တိုင်ဆီ ရောက်သွားပေမယ့် ရှန်က ရိပေါ်ကိုပဲ အကြည့်မပျက်။ နီးကပ်လာတဲ့ ရှန့်ရဲ့ မျက်နှာဆီက မျက်ဝန်းတွေထဲ ရိပေါ် ကြည့်ရင်း အနောက်ဘက်က လှေကားဘောင်ကို လက်နှစ်ဖက်နဲ့ နောက်ပြန် ခပ်တင်းတင်းကိုင်ထားမိတယ်။

ရှန့်ရဲ့ မျက်နှာပြင်က သွေးမရှိတော့တဲ့လူလို တဖြည်းဖြည်း ဖြူစွတ်လာတယ်။ ကြည့်နေမိတဲ့ မျက်ဝန်းက တစ်ခုလုံးအနက်ရောင်လွှမ်းသွားတဲ့နောက် နှဖူးပြင်ဆီက စီးကျလာတဲ့ သွေးစတွေက နီရဲရဲနဲ့ ရှန့်ရဲ့ ပါးပြင်ပေါ်မှာ နေရာယူတယ်။

သွေးပျက်စရာ မြင်ကွင်းပဲ။ ရိပေါ် တွေးမိတာကတော့ သူ ဒီနေရာက ထွက်ပြေးဖို့ပဲ။ သူ့ခေါင်းထဲ ရှောင်ကျန့်ဆီ ပြန်ဖို့ အာရုံတစ်ခုသာရှိတယ်။

လည်ပင်းဆီက ရှန့်ရဲ့ လက်ကို ဖယ်ချပြီး အားကုန်သုံးရင်း တွန်းပစ်လိုက်တာကြောင့် ရှန် အနောက်ဘက်ယ်ိုင်ပြီး ကြမ်းပြင်ဆီ လဲကျတယ်။ ဒါကို အသုံးချပြီး ရိပေါ် လှေကားဆီက ပြေးဆင်းလာခဲ့တယ်။

THE OTHER BOYFRIEND [ Completed ] Tahanan ng mga kuwento. Tumuklas ngayon