Chapter 9 ( Unicode )

2.6K 412 0
                                    

" ဒါက ခင်ဗျားကြောင်လား "

ဆုံးဖြတ်ချက်ကို ပြင်ပြီး ရှန်ရှေ့ရောက်နေတဲ့ ရိပေါ်က သူ့ခြေထောက်နားက ကြောင်ကို ငုံ့ကြည့်ပြီးမေးတယ်။
ရှန်ကတော့ တစ်ချက်ကြည့်ပြီး ခေါင်းသာခါပြီးဖြေတယ်။

လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ ရိပေါ်လက်ထဲသောင်းကျန်းနေခဲ့တဲ့ အဲ့ဒီကြောင်က အခုတော့ငြိမ်သက်လို့။ ကြောင်တွေက နားလည်ရခက်တယ်ဆိုတာ အမှန်တကယ်ဖြစ်ကြောင်း ရိပေါ်လက်ခံမိလိုက်တယ်။

" ကုတ်သွားတာလား "

ရုတ်ချည်းဆိုသလို ရိပေါ်ရဲ့လက်ကောက်ဝတ်ကို ဆွဲယူလိုက်တဲ့ ရှန့်ရဲ့ တွန့်ကွေးနေတဲ့ မျက်ခုံးတွေက နည်းနည်းလေးတောင် ကျေနပ်နေတဲ့ပုံတော့ မပေါ်။ ရိပေါ်ရဲ့ လက်ကောက်ဝတ်ဖြူဖြူလေးနားမှာ အနီရောင်အစင်းကြောင်းက ထင်းလို့။

" အင်း ဘာမှမဖြစ်ပါဘူး "

ရှန့်ရဲ့လက်ထဲက သူ့ရဲ့လက်ကိုရုန်းပစ်ဖို့လုပ်ပေမယ့် တစ်ဖက်က ရှန်က ပြန်ဆွဲလာတာမို့ ရိပေါ်ခတ္တငြိမ်လိုက်မိတယ်။ လေထုကတိတ်ဆိတ်လွန်းလို့ အခန်းနံရံဆီက နာရီရဲ့လက်တံတွေရွေ့လျားသံကိုပါ ကြားနေရတယ်။

ရှန့်ရဲ့လက်တွေက အနည်းငယ်အေးစက်နေကြတယ်။ ရိပေါ်ရဲ့လက်ကောက်ဝတ်နားက ဒဏ်ရာပေါ် အဲ့ဒီအေးစက်နေတဲ့လက်နဲ့ ဖွဖွလေးအုပ်ကိုင်ပြီး ပြန်ဖယ်လိုက်တဲ့အခါ အံ့သြစရာကောင်းတာက ဒဏ်ရာဟာ အစအနလေးတောင်ကျန်ဘဲ ပျောက်သွားတာပဲ။

" ခင်ဗျားက တန်ခိုးရှင်လား "

ရိပေါ်ရဲ့အဲ့ဒီစကားကို ရှန်က သဘောတကျရယ်တယ်။နှစ်နှစ်ကာကာရယ်မောနေတဲ့ ရှန့်ကို ရိပေါ်သေချာကြည့်နေမိတယ်။ ဒီနေ့မှာ ရှန့်ရဲ့အဝတ်အစားပုံစံက သူ ရှောင်ကျန့်ကို စတွေ့တဲ့နေ့ကနဲ့ တစ်ပုံစံတည်းဖြစ်ကြောင်း ရိပေါ်သိတယ်။

အဲ့ဒီခဲရောင်မျက်လုံးတွေ၊အဖြူရောင်ဆံပင်တွေသာ မဟုတ်ရင် ရိပေါ်ကိုယ်တိုင်က ရှန့်ကို ရှောင်ကျန့်လို့ ထင်မိမှာ အသေအချာပဲ။

" ဗိုက်ဆာတယ်မလား ကော ရိပေါ်အတွက် ညလယ်စာပြင်ထားတယ် သွားရအောင် "

THE OTHER BOYFRIEND [ Completed ] Unde poveștirile trăiesc. Descoperă acum