ဖွင့်ထားလျက်ရှိတဲ့ တံခါးပေါက်အရှေ့မှာ ရိပေါ်မတ်တပ်ရက်နေလျက်ရှိတယ်။ အသေပိတ်ထားတဲ့ အုတ်ချပ်တွေကို ခပ်ဖွဖွဖိကြည့်ရင်း သူသက်ပြင်းတစ်ချက်ချမိတယ်။
အိပ်မက်မဟုတ်ကြောင်း လက်ခံဖို့ တိကျတဲ့အကြောင်းပြချက်မရှိတဲ့အပြင် ရှန်နဲ့ တွေ့ခဲ့တာက သဘာဝလွန်ဖြစ်ရပ်တစ်ခုလို့လည်း ရိပေါ်အတွက် ယုံကြည်ဖို့ခက်နေတယ်။
တံခါးကိုပြန်ပိတ်ပြီးနောက် တံခါးသော့ပေါက်ထဲက ဆွဲထုတ်ထားတဲ့ သော့ချောင်းကို ဘေးအနီးက စားပွဲတစ်ခုပေါ်သာ တင်ခဲ့ပြီး ရိပေါ်ထွက်လာခဲ့လိုက်တယ်။
အနည်းငယ်မြန်ဆန်စွာဆင်းလာခဲ့တဲ့ လှေကားထစ်တွေရဲ့အောက်ဆုံးထစ်နားမှာ ခွေနေတဲ့ ကျင်းကော်ကို ရိပေါ်တွေ့တယ်။ ထုံးစံအတိုင်းပါဘဲ ကျင်းကော်က သူ့ကို ချေမြဲချေဆဲ။
"ဟေ့ကောင် မင်းက ကျင်းကော်အစစ်လား အတုလား"
စကားဆုံးတော့ ခြေတံတိုတိုလေးတွေနဲ့ နှေးတုံ့နှေးတုံ့ထွက်သွားတဲ့ ကျင်းကော်ကို ရိပေါ်က မျက်လုံးတွေမှေးပြီး ကြည့်တယ်။
အဲ့ဒီကျင်းကော်က ရှောင်ကျန့်တစ်ယောက်တည်းကိုပဲ ကပ်တတ်တယ်။အဲ့ဒါကြောင့်မို့ထင်ပါတယ်။ ရှောင်ကျန့်က ရိပေါ်ကို ကျင်းကော်နဲ့တူတယ်လို့ ပြောဖူးတယ်။
" ကော ... "
မီးဖိုခန်းထဲ ကော်ဖီတစ်ခွက်ပြင်ဖို့ လုပ်နေတဲ့ ရှောင်ကျန့်ကို ရိပေါ်အနောက်က လှမ်းဖက်လိုက်တယ်။ နောက်ပြီး ရှောင်ကျန့်ရဲ့ ပါးတစ်ဖက်ကို ရွှတ်ခနဲနမ်းလိုက်သေးတယ်။
" အပူလောင်မယ် ရိပေါ် "
ရှောင်ကျန့်စကားကြောင့် ခါးပေါ်က သူ့ရဲ့လက်တွေကို ဖယ်ပြီး ရှောင်ကျန့်ရဲ့ ဘေးမှာ ၀င်ရပ်လိုက်တယ်။ ရှောင်ကျန့်က သူလုပ်လက်စကိုပဲ အာရုံစိုက်နေတယ်။