Chapter 10 ( Unicode )

2.7K 425 5
                                    

ခုတင်ဘေးကလစ်ဟာနေမှုကို လက်တစ်ဖက်နဲ့စမ်းပြီးတဲ့နောက် ပွင့်ဟလာတဲ့ ရိပေါ်ရဲ့မျက်လုံးတွေက အိပ်ခန်းရဲ့ မျက်နှာကျက်ကို အရင်မြင်တွေ့တယ်။ ရှောင်ကျန့်နိုးနေပြီဖြစ်ကြောင်းသိပြီးတာနဲ့တပြိုင်နက် သူအိပ်ရာကထလိုက်တယ်။ဒီမနက်ခင်းမှာ ရိပေါ်ရဲ့စိတ်တွေ မသာယာနေတာတော့အမှန်။

မျက်နှာသစ်၊သွားတိုက်ပြီးတဲ့နောက် အောက်ထပ်က ထမင်းစားခန်းထဲ ကော်ဖီတစ်ခွက်နဲ့ရှိနေတဲ့ ရှောင်ကျန့်ဆီ ရိပေါ်ရောက်တယ်။ မနက်ခင်းရဲ့ထုံးစံအတိုင်း စားပွဲမှာထိုင်နေတဲ့ ရှောင်ကျန့်ကို အနောက်ကနေသိုင်းဖက်ပြီး ပါးတစ်ဖက်ကို ရွှပ်ခနဲလှမ်းနမ်းလိုက်တော့ ကီးဘုတ်ပေါ်က လက်ချောင်းလေးတွေက အလိုလိုရပ်တန့်သွားကြတယ်။

" နိုးပြီလား "

" အင်း "

သိုင်းဖက်ထားရာက လွှတ်လိုက်တဲ့နောက် ကော်ဖီတစ်ခွက်သောက်ဖို့ပြင်တယ်။ မီးဖိုခုံဘေး ခွေအိပ်နေတဲ့ကျင်းကော်ကိုတော့ ရိပေါ်လျစ်လျူရှုထားလိုက်တယ်။

" စက်ထဲမှာ ဖျော်ပြီးသားရှိတယ် "

" အင်း တွေ့တယ် ကော "

ကော်ဖီရနံ့သင်းသင်းကြောင့် ရိပေါ်စိတ်တွေ အနည်းငယ်တော့ကြည်လင်သွားသလိုရှိတယ်။တိတ်ဆိတ်နေတဲ့လေထုမို့ ရှောင်ကျန့်ဆီက ကီးဘုတ်နှိပ်သံကလွဲရင် ဘာမှရှိမနေတဲ့ မနက်ခင်းမှာ အခြေအနေနဲ့အချိန်အခါကို ကောင်းကောင်းအသုံးချတတ်တဲ့ သူကပဲ ကော်ဖီသောက်ရင်း ရှောင်ကျန့်ကို ထိုင်ငေးရင်းပေါ့။

ရွှေရောင်မျက်မှန်အဝိုင်းလေးအောက်က မျက်ဝန်းညိုတွေကို ရိပေါ်သိပ်မြတ်နိုးရတယ်။ တစ်စုံတစ်ခုကိုအာရုံစိုက်နေတဲ့ ရှောင်ကျန့်သွင်ပြင်က သိပ်ကြည့်ကောင်းတယ်။ ဒါတွေကြောင့်လည်း သိပ်ချစ်ရတဲ့ သူက ရှောင်ကျန့်ကို အဆုံးရှုံးမခံနိုင်ဘူး။

အတွေးတွေရဲ့နောက် မနေ့ညကအဖြစ်အပျက်တွေက ကပ်ပါလာတော့ ရိပေါ်သက်ပြင်းတစ်ချက် ခပ်တိုးတိုးချလိုက်မိတယ်။
...

" Kawasaki Ninja "

အံ့သြနေတဲ့ မျက်ဝန်းတွေနဲ့ ရိပေါ်စကားကို ရှန်က ခေါင်းငြိမ့်ပြပြီး ဖြေတယ်။ ရိပေါ်ကတော့ သူ့မျက်စိရှေ့က အနက်ရောင်နဲ့အစိမ်းရောင် စပ်ထားတဲ့ ဆိုင်ကယ်ကို အကြည့်လွှဲပစ်ပြီး ရှန့်ဆီတည့်တည့်ကြည့်လိုက်တော့ ထုံးစံမပျက် ရှန်က ပြုံးလို့။

THE OTHER BOYFRIEND [ Completed ] Donde viven las historias. Descúbrelo ahora