" ရောက်လာပြီလား ရိပေါ် "
မျက်စိရှေ့မှာမြင်နေရတဲ့ ရှန့်ရဲ့ပုံစံကြောင့် ရိပေါ် သူ့ရဲ့လက်ချောင်းတွေကို အလိုလိုကွေးဆုပ်မိတယ်။ ရှန်ရဲ့ အမဲရောင်ဆံပင်တွေနဲ့ ကိုယ်ပေါ်က ဆွယ်တာအညိုရောင် တွေက မညာတမ်းဝန်ခံရရင် ရှောင်ကျန့်နဲ့ ပိုလို့တူစေတယ်။
ရိပေါ် ရှန်ဆီ တစ်ကြိမ်ရောက်လာတိုင်း တစ်ကြိမ်စီတိုင်းမှာ ရှန်က ရှောင်ကျန့်နဲ့ ပိုတူလာတယ်။ ခဲရောင်မျက်ဝန်းတွေကတော့ ဘာမှမပြောင်းလဲခဲ့။ ပြောင်းလဲမှုတစ်ခုစီတိုင်းကို ရိပေါ်အကဲခတ်နေမှန်း သိတဲ့ ရှန်က ဒုတိယမြောက် မေးခွန်းကို မေးလာတယ်။
" ကြိုက်လား "
ရှန့်ရဲ့ မျက်ဝန်းထဲ ငေးခနဲဖြစ်သွားတဲ့အခိုက်မှာ ရှန်က သူ့မူပိုင်အပြုံးတွေနဲ့ ပြုံးပြပြီးမေးလာတယ်။ ကြည့်နေမိတဲ့ မျက်ဝန်းတွေထဲ ရုတ်တရက် အနက်ရောင်ဆီပြောင်းလဲသွားတဲ့ မျက်အိမ်တွေကို ရိပေါ်တွေ့တော့ မျက်လုံးတွေစုံမှိတ်ချပြီး ခေါင်းကို ဖြေးဖြေးချင်း ဆင့်ခါတယ်။
" ဘာဖြစ်လို့လဲ ရိပေါ် "
လက်မောင်းတစ်ဖက်ကို လှမ်းကိုင်ပြီး မေးလာတဲ့ ရှန်နဲ့ ပွင့်ဟလာတဲ့ ရိပေါ်ရဲ့မြင်လွှာတွေ ဆုံတယ်။အမြင်မှားခဲ့တာလို့ပဲ ရိပေါ်သတ်မှတ်ပစ်လိုက်တာက အရင်တိုင်းရှိနေတဲ့ ရှန့်ရဲ့ မျက်ဝန်းအရောင်ကြောင့်သာဖြစ်တယ်။
" ဘာမှမဖြစ်ဘူး "
" အင်း ဗိုက်ဆာတယ်မလား ကော ပြင်ထားတယ် "
ငြင်းဆိုဖို့တောင် အချိန်မရလိုက်ပဲ ရှန်ဆွဲခေါ်သွားတဲ့နောက်ကို ရိပေါ် ပါသွားတော့တာပဲ။တကယ်ဆို ဒီနေ့က သူတို့နောက်ဆုံးတွေ့ကြတဲ့ နေ့။ဘာလို့များ ရှန်က ခါတိုင်းနေ့တွေထက် ပိုပျော်နေတဲ့ပုံ ပေါက်နေရတာလဲ။
ဒီညရဲ့ တည်ခင်းထားတဲ့ ညစာအပြင်အဆင်က ခါတိုင်းနဲ့မတူဘူး။စားပွဲပေါ်မှာ ဖယောင်းတိုင်ရှည်တွေ ထွန်းညှိထားတယ်။ ရိပေါ်ရဲ့ အရှေ့က ပန်းကန်ပြားထဲ
သူ့အတွက် ရိုးအီနေပြီဖြစ်တဲ့ ပါစတာတွေ ရှိနေတယ်။