" ဒါက .... "
အံ့သြမှင်သက်နေတဲ့ ရိပေါ်က ယောင်ယမ်းပြီးတောင် သူ့ရဲ့ လက်ချောင်းတွေကို ကွေးဆုပ်မိတယ်။မျက်စိရှေ့က မြင်ကွင်းဟာ တကယ့်ကို သူ့ရဲ့စိတ်ကူးထဲကနဲ့ တစ်ထပ်တည်းဖြစ်နေတာမို့။
" ရိပေါ်အတွက်လေ သဘောကျတယ်မလား "
ခြံဝန်းကျယ်ထဲက အသေအချာပြင်ဆင်ထားတဲ့ အရွယ်အစားအနည်းငယ်သာသေးတဲ့ စကိတ်ကွင်းတစ်ခု။ညလယ်အချိန်ရဲ့ အမှောင်ထုကို အနီးအနားက သစ်ပင်တွေနဲ့ ခြံဝန်းနေရာတချို့က ရောင်စုံမီးရောင်တွေက လစ်လျူရှုထားတယ်။
ဒီဘက်ကမ္ဘာမှာတော့ ခြံထဲက သစ်ပင်၊ပန်းပင်တွေက သေဆုံးမနေကြဘူး။ ခြုံပြောရရင် ရိပေါ်မျက်ဝန်းထဲက ဒီမြင်ကွင်းက သိပ်လှတယ်။
" ခင်ဗျား ဘယ်လိုသိနေတာလဲ ... "
" ဒီလိုလို ဟိုလိုလိုပေါ့...စမ်းစီးကြည့်မလား "
ရိပေါ်နဲ့ရှန်က မျက်နှာချင်းဆိုင်အနေအထားမှာရှိနေတယ်။ရှန်ကတော့ ပြုံးနေပေမယ့် ရိပေါ်ကတော့ ငြိမ်သက်နေဆဲ။ ရှောင်ကျန့်က အပြုံးအရယ်နည်းပေမယ့် ရှန်ကတော့ သူ့ကို ကြည့်တိုင်း အမြဲလိုလို ပြုံးနေတတ်တယ်။
ကြာကြာကြည့်လို့မရတဲ့ အပြုံးတွေပေါ့။ အမည်မသိဆွဲအားတချို့ပါတယ်။ဒါက ရှောင်ကျန့်နဲ့ ရှန်ရဲ့ အကြီးမားဆုံး ကွာခြားမှုဖြစ်တယ်။
" ကျွန်တော် စကိတ်ဘုတ်မှပါမလာတာ "
တကယ်ခက်တယ်။ ရိပေါ်ရဲ့စကားကို ကြားပြီးတဲ့ ရှန်က ထပ်ပြုံးနေပြန်ရောလေ ။သေချာပေါက် ရိပေါ်က အကြည့်တွေလွှဲပစ်ခဲ့ပါတယ်။
" ခင်ဗျားက တကယ့် သူဌေးပဲ "
ခဏ ဆိုပြီး အိမ်ထဲဝင်သွားခဲ့တဲ့ ရှန်က ပြန်ထွက်လာတော့ လက်တစ်ဖက်ဆီမှာ စကိတ်ဘုတ်နှစ်ခုကို မ လျက်သား။နောက်ပြီး စကိတ်ဘုတ်တွေက နာမည်ကြီးတံဆိပ်တွေမို့ ရိပေါ် အဲ့လိုပြောမိသေးတယ်။
" ဒါနဲ့ ဘာလို့ နှစ်ခုလဲ "
" သင်ပေး .. "
" ဟင် "
ကမ်းပေးလာတဲ့ စကိတ်ဘုတ်ကို လက်ပြောင်းယူလိုက်တဲ့ ရိပေါ်က နားမလည်တဲ့ပုံစံနဲ့။