2033 May !
" စိတ်မကောင်းပါဘူး လူနာ က နေ့လည် 2:36မှာ ဆုံးသွားပါပြီ "
" မဟုတ်ဘူး..မဟုတ်ဘူး..ဘွားဘွားက ဒီလို လွယ်လွယ်ကူကူ ထွက်သွားမှာ မဟုတ်ဘူး "
" ဒါ ..မင်း တမင်သက်သက် လုပ်တာ မလား ? ရှောင်းကျန့် !! "
ဆိုတဲ့ မေးခွန်းနဲ့ အတူ ဆောင့်ဆွဲခံလိုက်ရတဲ့ သူ့
အင်္ကျီကော်လံစ .. ဆွဲထိုးတာ မဟုတ်ဘဲ ကော်လံစ ကိုပဲ ဆောင့်ဆွဲနေတော့ လူက အစကတည်းက မူးနေပါတယ်ဆို အခု ပိုဆိုး။" မဟုတ်ဘူး!! ငါလုပ်တာ မဟုတ်ဘူး!! "
" ဒါဆို မင်းကျတော့ ဘာလို့ ဘာမှ မဖြစ်တာလဲ? အက်စီးဒန့် ဖြစ်တာခြင်းတူတူကို မင်းကျ လက်လေး ပဲ ကျိုးပြီး ငါ့အဘွားကျတော့ ဘာလို့ သေသွားတာလဲ ? "
" ၀မ်ရိပေါ် !! မင်းဘာသာ ဘယ်လိုထင်ထင် တမင်လုပ်တာ မဟုတ်ဘူးလို့ !! "
ဒီလိုတွေ ဖြစ်မယ် မှန်းသိခဲ့ရင် သူ ဘွားဘွားကို ပန်းတွေ ကြည့်ဖို့ဆိုပြီး အပြင်ကို ခေါ်ထုတ်သွားမှာ မဟုတ်ဘူး..ဒီမိသားစု ထဲမှာ သူ့ကို ချစ်ပေးတာ ဆိုလို့ ဒီဘွားဘွား တစ်ယောက်ပဲ ရှိတာကို .. ။ သူလည်း ၀မ်းနည်းတာပဲ ယူကျုံးမရဖြစ်တာ ပဲ ..ဒါကို ၀မ်ရိပေါ် ဘာလို့ သူပဲ အလုံးအရင်း နဲ့ ခံစားနေရသလို ဖြစ်နေတာလဲ?
(၈)နှစ်တာ ပေါင်းသင်းလာတဲ့ အိမ်ထောင်ဖက် ယောက်ျား..သွားစမ်းပါ ..လစ်လိုက်တော့ ..
စိတ်တိုတိုနဲ့ သူ့ ကော်လံစ ဆွဲထားတဲ့ ၀မ်ရိပေါ် ကို အကောင်းတိုင်းရှိနေသေးတဲ့ လက်တစ်ဖက် နဲ့ ပြန်ဆောင့်တွန်း လိုက်တယ်။
" ရှောင်းကျန့် !! မင်း.."
" အေး ငါ!! "
" မင်း !!"
(၈)နှစ်လောက် သူ့အမိန့်ပဲ နာခံခဲ့တဲ့ ရှောင်းကျန့်က သူ့ကို ပြန်တွန်းလိုက်တော့ အံ့ဩသွားသည် ထင်ပါရဲ့ ။ ဒေါနဲ့မောနဲ့ ရှောင်းကျန့် ကို ထိုးဖို့ ပြင်နေတယ်..။
ရှောင်းကျန့် ကျတော့ရော လက်က တစ်ဖက်ပဲ ကျိုးနေတာ ကျန်တစ်ဖက် က အကောင်းကြီး ! ပြန်လုပ်လို့ရတယ် !
ဘေးက လူတွေကလည်း ၀င်မတားရဲ ဥက္ကဌ၀မ် နဲ့ သူ့အမျိုးသား ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို ..
အဲ့ အချိန်မှာ ပဲ ..
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictionAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛