Plz scroll down for Zawgyi.
Uni
Class-D
တစ်ခန်းလုံးတွင် အတန်းပိုင်ဆရာမ ဝူရန်လီ၏ ရူပဗေဒ ရှင်းပြနေသည့်အသံနှင့် ကျောက်သင်ပုန်းပေါ်သို့ မြေဖြူနှင့် ရေးခြစ်နေသည့် အသံကသာ လွှမ်းမိုးလျက်ရှိသည်။မနက်ခင်းအချိန်ဖြစ်သည့် အလျှောက် ကျောင်းသားများမှာ လန်းဆန်းတက်ကြွလျက်စာတွင် စိတ်၀င်တစားရှိနေကြသည်။ သို့သော် ထိုထဲတွင် ရှောင်းကျန့်တော့မပါချေ။
ညတုန်းက ပြန်လည်မွေးဖွားလာတာကို အိပ်မက်လို့ပဲထင်ခဲ့ပြီး ဟိုစဉ်းစားဒီစဉ်းစား ဟိုတွေးဒီတွေး နှင့် တော်တော်ဖြင့် အိပ်မပျော်ခဲ့ချေ။ ထိုအကျိုးဆက်ကို ယခု ခံစားနေရပြီဖြစ်သည်။ဆရာမရှင်းနေတာ တစ်လုံးမှမသိ၊ဘာမှမကြား...အခုချိန်လောကကြီး ဘယ်လိုဖြစ်နေမှန်းကို ရှောင်းကျန့်မသိတာ။
ဘာလို့ဆို ချစ်ရပါသောကိုယ်လုပ်တော်လေးက စက်တော်ခေါ်နေလို့...“ရှောင်းကျန့် !!! ”
အတန်းထဲ ဆရာမရဲ့ အော်သံကြီးက ဟိန်းခနဲ။
အော်သံဟိန်းသော်ငြား ရှောင်းကျန့်မနိုးသေးချေ။
ဘေးက ကျိလီလက်တို့နေတာလည်း မနိုးပြန်ဘူး။ကျိလီ သူငယ်ချင်းရှောင်းကျန့်အတွက် စိတ်ထဲက နေ အမွှေးတိုင် (၁၀)တိုင်လောက် ထွန်းပေးလိုက်သည်။
‘ဘ၀ကူးကောင်းပြီး ကံကောင်းပါစေ သူငယ်ချင်းရယ်’
“ရှောင်းကျန့် !!!”
“ဟုတ်ကဲ့”
နောက်ဆုံး ဆရာမက ရှောင်းကျန့် နဲ့ ကျိလီထိုင်တဲ့ နောက်ဆုံးခုံနား လာအော်မှ ရှောင်းကျန့် နိုးတော့သည်။
အိပ်ချင်စိတ်မပြယ်သေးတဲ့ ရှောင်းကျန့်က ပြန်သာ ထူးသာ ပေကလပ်ပေကလပ် ဖြစ်နေတုန်း ။
“ကျောင်းသား ရှောင်းကျန့် စာသင်ချိန်မှာ ဘာလို့အိပ်နေတာလဲ ”
“...”
“ပထမစာသင်ချိန်မှာကတည်းက မင်းက အိပ်နေပြီလား”
အရစ်သန်သည့် အတန်းပိုင်ဆရာမ အပျိုကြီး ဝူရန်လီ၏ စာသင်ချိန်တွင် အိပ်မိသည့် ရှောင်းကျန့်ကိုက မှားတာပါ။
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictionAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛