Plz scroll down for unicode.
လူတွေသေပြီး ဘယ်ရောက်ကျတာလဲ ?
ငရဲလား? နောက်ဘ၀လား ?
မြစ်ဝါလား?သေချာတာတော့ အမောင်ရှောင်းကျန့် လေး ဘယ်မှမရောက်သေးဘူး။ စိတ်ပျက်မှု အတိုင်းသားနဲ့ ရှောင်းကျန့် ကုတင်ခြေရင်းမှာ ငုတ်တုတ်လေး ထိုင်နေတယ်။ ကြိုးနဲ့ တွဲလောင်းဖြစ်နေတဲ့ သူ့ရုပ်အလောင်းကို လည်း ကြည်ဖို့ မမေ့ဘူး ။ ဆိုပါတော့ သူသေပြီးသွားပြီ ။ ပြီးတော့ သူကတော့ ၀ိညာဉ်အဖြစ်ရှိနေတယ် ။
ငလူးထဲမှ...
သေတာတောင် အဆင်မပြေနေတဲ့ ရှောင်းကျန့် ကို့ယ့်ကိုကိုယ်ပဲ ကျိန်ဆဲမိတယ် ။ဘယ်ဆီကို နှင်ရမှန်းမသိတဲ့ ၀ိညာဉ်လေးရယ်...သေပြီးသားရုပ်အလောင်းလေးရယ်..နဲ့ဒုတိယအိမ်တော်လေးဟာ အရမ်းကို မှ ခမ်းနားနေပါသည်။
ဇာတ်ကားတွေထဲကလို အနက်ရောင်ဝတ်ရုံခြုံ ချိတ်ကောက်ကိုင် ဆရာသမားများလည်း ရှောင်းကျန့်ရှေ့ကို ရောက်မလာပါ ။ မြစ်ဝါကို သွားဖို့ ဘယ်လမ်းပြမှ ရှောင်ကျန့်ဆီ ရောက်မလာပါ ...။
ဝိညာဉ်အဖြစ် နဲ့ကို ရှောင်းကျန့် သူဘ၀သူတွေးပြီး မျက်ရည်တွေ ကျတော့မလို့ .. ။
ဘာလို့ သူ့ဘ၀ကြီး အရမ်းဆိုးနေရတာလဲ ??
ဝှိုင်း..ပေပီ ...၀ှိုင်း ?_____________________________________________________
ညနေ ခြောက်နာရီ ၀န်းကျင်လောက်
ဒုတိယအိမ်တော်ဆီသို့ ရောက်လာသော ကားတစ်စီး။ဝိညာဉ်ဖြစ်တာတောင် စောက်ပျင်းဓာတ်ခံလေးကျန်နေသေးတော့ ရှောင်းကျန့် ၀ရန်တာကပဲ လာတဲ့သူကို ကြည့်လိုက်တယ် ။
သောက်ကျိုးနည်း ကားထဲက မိန့်မိန့်ကြီးထွက်လာတာ ၀မ်ရိပေါ်ကြီးဟ !!!
အော်..၀မ်ရိပေါ်..၀မ်ရိပေါ်.... ရောက်လာတာတောင် ငါသေမှတဲ့လား ?!
ခပ်ချဉ်ချဉ်ပဲ ရှောင်းကျန့် တွေးလိုက်တယ် ။ ခုချိန်မှာ ၀မ်ရိပေါ် လို့နာမည်ကြားရင်ကို ကဲကဲလှုပ်အချစ်ပိုနေတဲ့ ရှောင်ရှောင်းကျန့် မရှိတော့ဘူး ။ အဲ့အစား အရာအားလုံး ကို စိတ်ကုန်နေတဲ့ ၀ိညာဉ်ရှောင်းကျန့် ပဲ တွေ့ရတော့မယ် ။
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictionAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛