Plz scroll down for unicode.အချက်အလက် တွေ အကုန် ရဖို့
ကျန်နေသေးတဲ့ရှောင်းသခင်လေး ဆိုတဲ့ အရှိန်အ၀ါကြောင့်
အချိန်တစ်ခု ပဲ ယူလိုက်ရတယ်။ ကျိုးသွားတဲ့လက်ကလည်း အချိန်တော်တော်ကြာ ကုန်ပြီးတဲ့နောက် ပြန်ကောင်းနေပြီ ။ဒီအချိန်တစ်ခု အတွင်း ရှောင်းကျန့် နေတဲ့ ဒုတိယအိမ်တော်ကို ၀မ်မျိုးရိုး မပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မရောက်လာဘူး။ နှိုင်းပြီးပြောရရင် ရှောင်းကျန့် နေတဲ့
ဒုတိယအိမ်တော်က မျက်နှာသာမပေးခံရတဲ့ ဘုရင့်ကိုယ်လုပ်တော်လေးက နောက်ဆုံး သူနေထိုင်ရာ အအေးနန်းဆောင်ထဲမှာ ပဲ သူ့ကိုယ်သူအဆုံးစီရင် သွားပြီး ကိုယ်လုပ်တော် လေး အဆုံးစီရင်သွားတဲ့ အအေးနန်းဆောင် ကိုတော့ လူတွေက သရဲခြောက်တယ် ဆိုပြီး ရှောင်နေကြသလို ပေါ့။
မသိရင် ရှောင်းကျန့် နေတဲ့ ဒုတိယအိမ်တော် က တစ်ခုခုဖြစ် နေသလိုလို ။ခြံစောင့် .. အိမ်တော်ထိန်း..အစေခံ ..ဘာမှ မရှိတဲ့ ဒုတိယအိမ်တော် ကို ရှောင်းကျန့် နောက်ဆုံး အနေနဲ့ပတ်ကြည့်လိုက်တယ် ။
အိမ်ရဲ့အကျယ်အ၀န်းနဲ့ ပြန်ရောင်းလိုက်ရင် ရှယ်ပဲ..။ ခက်တာက ဒီအိမ်ကို သူမပိုင် ..။
နောက်ဆုံး အလွတ်ရတဲ့ အထိ အိမ်ကို လိုက်ပတ်ကြည့်ပြီး နောက်မှာတော့ ရှောင်းကျန့် သူ့အခန်းထဲ ပြန်ဝင်ခဲ့တယ်။ကုတင် ခြေရင်းဘက်မှာ ချထားတဲ့ ခုံပေါ်ကို ရှောင်းကျန့် တက်လိုက်တယ် ။
နေနောက်သူ့ရှေ့မှာ တွဲလောင်းဖြစ်နေတဲ့ ကြိုးကို ကိုင်လိုက်တယ် ။
ကြိုးကခိုင်လား မခိုင်လား တစ်ချက်ပြန်ကြည့်တယ်..ကြိုးချည်ထားတာ လှရဲ့လား တစ်ချက်ပြန်ကြည့်တယ်..
ခြေထောက် အောက်ကခုံကို တစ်ချက်ပြန်ကြည့်တယ်..
နောက်ကုတင်ဘေးက သူ့ရဲ့ suitcase တွေကို တစ်ချက်ပြန်ကြည့်တယ် ..
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictieAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛