Plz scroll down for unicode.
မူလတန်း အလယ်တန်း ...အထက်တန်း ပထမနှစ်ဝက် ထိ ရှောင်းကျန့်ဟာ ကောင်ဆိုးလေး တစ်ယောက် ဖြစ်ခဲ့သည်။
ဝမ် ရိပေါ် နဲ့ မတွေ့ခင် အထိပေါ့ ။ မှတ်မှတ်ရရ အဲ့နေ့က ရှောင်းကျန့်က အတန်းလစ် ပြီး စာအုပ်ဆိုင်မှာ အချိန်ဖြုန်းနေတာ ...စာအုပ်ဆိုင်ကနေ internet cafe ကို သွားမလို့ လုပ်နေတုန်း မိုး ရွာလာပါလေရော။
ထီး မပါတဲ့ ရှောင်းကျန့်က internet cafe ထိပြေးသွားဖို့ လုပ်ပေမယ့် ၀မ် ရိပေါ်က သူ့ကို ထီး လာပေးခဲ့သည်။ရှောင်းကျန့်က ဂျစ်တီးဂျစ်ကန် တိုက် ( type) ဆို တစ်ဖက်က ဖြူဖြူဖွေးဖွေး သပ်သပ်ရပ်ရပ် hyper type ကြီး။
ဝမ် ရိပေါ်က တော့ ရှောင်းကျန့် ကို ထီး ပေးပြီး ဘာမှတောင် မပြောဘဲ ထွက်သွားခဲ့သည်။ ထီး ကိုင်ပြီး ငူငူငေါင်ငေါင်ကြီး ကျန်နေခဲ့တာ သာ ရှောင်းကျန့် ။
ဝမ် ရိပေါ် သွားတဲ့ တစ်လျှောက်လုံး သူ့မျက်လုံးကြီး ကပ်ပါသွားတဲ့ အတိုင်း တော်တော်နဲ့ အကြည့်မလွှဲခဲ့ပါ ။နောက်နေ့ကစပြီး ရှောင်းကျန့် ၀မ် ရိပေါ် အကြောင်း လိုက်စုံစမ်း ခဲ့သည်။
သူငယ်ချင်းတွေကတော့ ပြောပါတယ် " ပထမ လ စာမေးပွဲမှာ Top 10 ၀င် တဲ့ ကျောင်းသား " တဲ့။ရှောင်းကျန့်ကတော့ အောက်ဆုံး ၁၀ ယောက် စာရင်းမှာ ပတ်ပြေးနေတဲ့ ကျောင်းသားလေးပေါ့လေ ။
အဲ့က စပြီး ရှောင်းကျန့် ၀မ် ရိပေါ်ကို စ ရောခဲ့သည်။ hyper ကြီးက အရမ်းချေနေပေမယ့်လို့ ပေါ့လေ ။
ဝမ်းသာစရာ ကောင်းတာက ရှောင်းမိသားစု နဲ့ ၀မ် မိသားစုက စီးပွားရေး ပါတနာ ဖြစ်နေသည် တဲ့လေ ။
အဆင်သင့် လိုက်လေခြင်း ...။ဒီ လိုနဲ့ ၀မ် ရိပေါ်ဟာ ရှောင်ရှောင်းကျန့် ရဲ့ အချစ်ဦး လေး ဖြစ်လာခဲ့သည်။
ရှောင်းကျန့် က အတ္တလေး မဆိုဆလောက် လေး ရှိသည်။
အချစ်ဦးနဲ့ပဲ ဘ၀ သက်တမ်းတစ်လျှောက် လုံးကို ဖြတ်သန်း သွားချင်သည့် အတ္တ ။
ဒီ အတ္တကပဲ ရှောင်းကျန့် ကို လမ်းမှား ပို့ခဲ့သည် ထင်ပါရဲ့။တစ်ကယ်လို့ အဲ့နေ့ ရှောင်းကျန့်သာ ၀မ် ရိပေါ်ကိုသာ ဆေးမခတ် ခဲ့ဘူးဆိုရင် ကျန်တဲ့ ဘ၀ သက်တမ်းတစ်လျှောက်လုံး သူ ၀မ် ရိပေါ် နဲ့ ဖရန့်ဇုန် ထဲမှာ ရှိနေအုံးမှာ ဖြစ်သည်။
ဝမ် ရိပေါ်က သူ့ကို လိမ်တာ ၊ သစ္စာဖောက် တာကို တအားမုန်းသည်။ ရှောင်းကျန့် က အဲ့ဒါတွေ ကိုမှ တည့်တည့် ရွေးလုပ်ခဲ့သည်။
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictionAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛