Uni
ရှောင်းကျန့် အရမ်းကိုမှ စိတ်လှုပ်ရှားနေတာ ဖြစ်သည်။စိတ်လှုပ်ရှားတာမှ ချွေးစေးတွေကို ထွက်နေပြီး လက်ဖျား ခြေဖျားတွေတောင် အေးနေတယ် ။ ဒါတောင် ရှောင်းအိမ်တော်ကို မရောက်သေးဘူး။ ကားလမ်းပေါ်မှာပင် ရှိသေးသည်။
သေချာပေါက် ဒီတစ်ခါတော့ သူ သူ့မိဘတွေကို ရအောင်ကာကွယ်မည်။ ရှောင်ပါးနဲ့ရှောင်မား ဆုံးတာ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပြီး အဲ့တုန်းက သူက ၀မ်ရိပေါ် တစ်ယောက်တည်းကိုသာ မျက်နှာမူ ဂရုစိုက်နေသည့်အတွက် မိဘ(၂)ပါး ဆုံးပါးမှုကို အရေးတစ်ယူမပြုခဲ့ချေ။
သေချာပြန်စဉ်းစားကြည့်လျှင် မိဘ(၂)ပါး ဆုံးပါးမှုဟာ သမာရိုးကျ ဖြစ်လိမ့်မည် မဟုတ်ပါ။
တစ်စတစ်စ ပြန်ကာတွေးရင်း အတိတ်ဘ၀က အသုံးမကျခဲ့သည့် ကိုယ့်ကိုကိုယ်သာ ရှောင်းကျန့် ပါးတွေချည်း လှိမ့်ရိုက် ပစ်ချင်သည်။ဘယ်လိုတောင် ၀မ်ရိပေါ်ကို တော်တော်ဖြစ်ခဲ့ပါလိမ့်...
ရှောင်းအိမ်တော်ကို ရောက်ရောက်ခြင်း ရှောင်းကျန့် ရှောင်မားမား ကို အပြေးလိုက်ရှာပြီး တွေ့သည်နှင့် မလွှတ်တမ်း ဖက်ထားလိုက်သည်။
"မား .."
သူတစ်ကယ်ကို လွမ်းနေခဲ့တာ ဖြစ်သည်။" အိုက်ယိုး...မားရဲ့ အချွဲလေး ဘာဖြစ်လို့လဲ "
" ဒီအတိုင်း ဖက်ထားချင်လို့ ..."
ရှောင်းမားက တခစ်ခစ်သာ ရယ်ပြီး ရှောင်းကျန့်ကို ပြန်ဖက်လိုက်သည်။
ရှောင်းအိမ်တော်ရဲ့ အချွဲလေးက ဒီနေ့ ပိုထူးဆန်းနေသည်။ပြန်လည်ရှင်သန်လာသည့် ဒီတစ်ခေါက်မှာတော့ သူ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချရလိမ့်မည်။ မိဘတွေကို အချိန်ပေးရင်း ၊ကိုယ်ကြိုက်တာတွေကို လုပ်ရင်း ၊ နှစ်ယောက်သော သူများကို ဝေးဝေးရှောင်ရင်း ....။
.
.
.
.၀မ်အိမ်တော်၏စာကြည့်ခန်းတွင်...
ကျောင်းက ပြန်ရောက်ရောက်ခြင်း အဖေနဲ့ အမေကို လိုက်ရှာပြီး မိဘနှစ်ပါး ရှေ့မှာ ဒူးထောက်နေသည့် ၀မ်ရိပေါ်ကြောင့် ၀မ်ပါးပါးနှင့် ၀မ်မားမား ၀မ်ရိပေါ် ဒူးထောက်နေသည့် အကြောင်းအရင်းကို သိချင်နေသည်။
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictionAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛