Plz scroll down for unicode.
သူ့ရဲ့ ဈာပနပွဲ နေ့ထိအောင် ရှောင်းကျန့် လေလွင့်ဝိညာဉ်အဖြစ်နဲ့ ရှိနေတုန်းပဲ ။ ငရဲမရောက်..နောက်ဘ၀မရောက် ..တိုးလိုတန်းလန်းကြီးရယ် ....။
ဒီရက်ပိုင်းထဲ ကျီချူးရှင်း ရဲ့ အရိပ်အယောင်တောင် မတွေ့ရဘူး ။ သူကတော့ ဝိညာဉ်အဖြစ်နဲ့ ၀မ်
ရိပေါ် အနားမှာ ကပ်နေပြီး သူ ( ၀မ် ရိပေါ် ) မကြားနိုင်ပေမယ့် ကွားရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးဖို့ တိုက်တွန်းနေတုန်းပဲ ။
အဲ့ ၀မ်ရိပေါ် ဟာလေ ..သောက်ကြောက တအားထူတာ အခုထက်ထိ ကွာရှင်းစာချုပ်မှာ ဘာလို့ လက်မှတ်ထိုးမပေးသေးတာလဲ ?ရှောင်းကျန့်က သေသွားပြီဆိုတော့ ကွာရှင်းစာချုပ်က အရေးမပါတော့ဘူးလို့ တွေးနေတာလား ? အဲ့လိုဆိုရင်တောင် ရှောင်ရှောင်းကျန့် လေး နောက်ဘ၀ကို အချုပ်အနှောင်မရှိ လွတ်လွတ်ကင်းကင်း ကူးနိုင်အောင် တွေးတောပြီး လက်မှတ်ထိုးပေးသင့်တယ် မဟုတ်ဘူးလား ?
ဒီရက်ပိုင်းအတွင်း ၀မ်ရိပေါ် ရဲ့ သောက်ခွက်ကြည့်ရတာလည်း အဓိပ္ပာယ်မဲ့နေသလိုပဲ
ဦးတည်ချက် ပျောက်နေတဲ့ လူလိုပဲ ။ဘယ်လိုပဲ ဖြစ်ဖြစ် ရှောင်းကျန့်က သေပြီးတာတောင် ၀မ်ရိပေါ် နဲ့ လွတ်လွတ်ကင်းကင်း နေချင်တုန်းပဲ ။
သူမကျွတ်မလွတ်သေးတာ ၀မ် ရိပေါ် ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးတာ ကို စွဲ သွားတာ ကြောင့်လား ?ရှောင်းကျန့် သူ့ရဲ့ ဓာတ်ပုံ ကို ဖောက်ထွက်မတတ်ကြည့်နေတဲ့ ၀မ် ရိပေါ် ကို တစ်ချက်လှမ်းကြည့်လိုက်တယ် ။ ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရတာ သူ့ (၀မ် ရိပေါ် )အတွက် အရမ်းများခက်ခဲ နေသလားဟမ် ? ကြာရင် သူ ၀မ် ရိပေါ်ကို ဂုတ်ချိုးသတ်မိတော့မယ်။
.
.
.
.
ရှောင်းကျန့် အနေနဲ့ သူ့ကိုယ်သူလည်း သတ်သေဖူးပြီးသွားပြီ ...
သူ့ဈာပနကို လည်း သူကိုယ်တိုင်ကြုံဖူးပြီးပြီ...
သူ့ အုတ်ဂူကိုလည်း သူကိုယ်တိုင်မြင်ပြီးသွားပြီ..
ဒီ့ထက်ဆိုးတာက သူ့ခမျာ ငရဲလည်းမရောက် နတ်ပြည်လည်း မရောက် နောက်ဘ၀လည်း မရောက်ဘဲ ဒီလို ဝိညာဉ်ဖြစ်နေတာ ပဲ ...
YOU ARE READING
Rebirth: Let's Get Married Again !!
FanfictionAll the things in this fanfic are just my imaginary . This is a BJYX fanfiction ! Cover photo credit to original uploader. Thanks 💛